အထင်လွဲမှားမှူ⚡⁶

406 40 0
                                    

စနေနေ့၊ မနက်အစောပိုင်း ၇:၂၄

Phuwinကသူ့ကိုစောင့်ရန် ဖုန်းဆက်လာသဖြင့် စောင့်နေသည်။ Pondကတော့ သူ့အကိုနှင့်သွားနှင့်မည်ဟုဆိုသည်။

ကားသံကြားလိုက်သည်။ ငဖုက ကားနဲ့လာတာလား?၊ ကားဟွန်းသံပေးနေသဖြင့် ကျတော့်ထွက်သွားလိုက်သည်။

"တက်လေ၊ အဆင်သင့်ဖြစ်ပြီလား"

"ဘာကိုလဲ၊ ပြီးတော့ မင်းက ဘာလို့ကားကြီးမောင်းလာတာလဲ"

"အော် ငါကမင်းနောက်ကျမှာဆိုးလို့ပါ၊ စကားများမနေနဲ့ နောက်ကျနေမှာနော်"

"အေး...pondကအဲ့မှာစောင့်မယ်ပြောတယ်"

"သူလားရောက်ဦးမှာ ၊ ခါးပတ်ပတ်..."

"ရတယ် ငါ့ဘာသာလုပ်လိုက်မယ်"

ထိုသို့ဖြင့် ဘုရားကျောင်းသို့...

ဘုရားကျောင်းသို့သွားသောလမ်းတွင် ညက store ဆိုင်ကိုတွေ့လိုက်သည်။ ထိုဆိုင်ကိုတွေ့သည်နှင့် ပြန်မြင်ယောင်မိပါသော မျက်၀န်းခပ်နက်နက်၊

နောက်တစ်ကြိမ်များ အခွင့်အရေးဆိုတာရှိရင် ခင်ဗျားမျက်လုံးကို ဆိုက်ကြည့်ချင်သေးတယ်။

"Fot"

"ဟမ်...ဟမ်ဘာပြောလိုက်တာလဲ"

"မင်းဘယ်ကိုကြည့်နေတာလဲ၊ ငါ‌ခေါ်နေတာသေတော့မယ်"

"အော် ငါ...ငါ..ငါ့အိမ်က မီးဖိုပိတ်ခဲ့ရဲ့လားစဉ်းစားနေတာ"

"မသေချာရင် ပြန်သွားကြည့်ကြမလား၊ အချိန်ရပါသေးတယ်"

"ရတယ်၊ ပိတ်ခဲ့တယ်"

"အိုခေ..."

ထိုသို့ဖြင့် တရွေ့ရွေ့သွားနေတဲ့ ကားလေး

ဘုရားကျောင်းသို့ရောက်တော့~~

"လာ ငဖု"

"အင်း"

၀င်သွားလိုက်ရင်ပဲ ထိုင်နေပါသော လူ‌တယောက်။ ဒီနေ့တော့ ငဖုပါလို့ထင်တယ် သိပ်ပြီးအထီးကျန်မဆန်ဘူး။

"ငါမပြောဘူးလား၊ အဲ့ကောင်ရောက် သေးမှာမဟုတ်ပါဘူးလို့၊ စောက်ပျင်း အိပ်ယာတောင်နိုးရဲ့လားမသိဘူး"

Married To The Death ManWhere stories live. Discover now