ရောက်ရှိ💫²⁷

137 14 4
                                    

*တီ...တီ...တီ*

အောက်စီဂျင်စက်က အသံမြည်လာတော့ အိပ်ငိုက်နေတဲ့ Phuwin နဲ့ Pond မျက်လုံးပွင့်သွားကြပြီး ရောက်ရက်ခက်သွားသည်။

"Fourth! အဆင်ပြေရဲ့လား"

"အဟွတ်...အဟွတ်!"

Fourthမှ ချောင်းဆိုးသံထွက်လာသည်။

"ဟင်... Fourth ပြန်ရောက်လာပြီ"

"ကိုယ်ဆရာ၀န်သွားခေါ်လိုက်မယ် ဖုဖု"

"ဟုတ်"

ခနနေတော့ ဆရာ၀န်ကြီးနှင့်ပြန်ရောက်လာပါသော Pond... ၊ ဆရာ၀န်ကြီး စမ်းသပ်ပြီး ပြောလာသည်က

"သူပြန်နိုးလာနိုင်ဖို့ %များနေပါပြီ၊ ဆိုတော့ ကျတော်တို့အများကြီးတိုးတက်လာပြီ"

"အော် ၀မ်းသာလိုက်တာဗျာ.."

"ကျတော်တို့လဲ ၀မ်းသာပါတယ်ဗျ၊ ကဲ ဒါဆို ကျတော့်ကိုခွင့်ပြုပါဦးနော်"

"ဟုတ် ဟုတ်"

ဆရာ၀န်ကြီးထွက်သွားတော့၊ Phuwin က Pond ကိုစကားစလာတယ်။

"သူပြန်လာပြီဆိုတော့ ...သူသေချာရောအဆုံးသတ်ရဲ့လားမသိဘူးနော် ကိုကို"

"သူအဆင်ပြေမှာပါ၊ သူအတိတ်ကိုသွားပြောင်း‌‌လဲနေခဲ့တယ်ဆိုရင်တောင် အခုကိုကို‌တို့ အခုလက်ရှိဘာမှမဖြစ်သေးဘူးလေ ၊မဟုတ်ဘူးလား"

"ဟုတ်တာတော့ ဟုတ်ပါတယ်၊ အဲ့လိုပြန်သွားတာ သူတစ်ယောက်ထဲမဟုတ်ဘူးလို့ ကျတော်ထင်တယ် ကိုကို"

"ဘယ်သူပါသွားသေးလို့လဲ..."

"Mark... Mark ဆိုတဲ့ တစ်ယောက်ပါသွားတယ်ထင်တယ်၊ သူက Fourth ကို သူ့အဖေကိုသတ်တယ်ထင်ပြီး မုန်းနေတာ။ အဲ့တော့ သူကfourthကိုသတ်ချင်နေတာ "

" ဘာပဲဖြစ်ဖြစ် ၊ အခုတော့ Fourthပြန်ရောက်လာပြီပဲ အတိတ်မှာဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့၊ ကိုယ်တို့နောင်တရစရာမလိုဘူး။ အခုလက်ရှိမှာ သင်ယူတတ်ရင်ရပါပြီ"

"အင်း...၊ သခင်လေး Wit ရော အဆင်ပြေပြေကျန်ခဲ့လားမသိဘူး၊ အခုတလောသူပျောက်နေတယ်..."

"ဟုတ်လား၊ စိုးရိမ်ရလား"

"မစိုးရိမ်ရပါဘူး၊ သူတို့ကမသေမျိုးပဲဟာ"

Married To The Death ManWhere stories live. Discover now