ကယ်တင်ခြင်း 🕯️²⁸

141 20 9
                                    

"ဟင့်အင်း...ဒီမှာမနေချင်ဘူး"

"မင်းငါ့အမိန့်ကိုလွန်ဆန်လို့ရမယ်ထင်လို့လား...Nattawat"

"ကျတော်တောင်းပန်ပါတယ် မေမေရယ်...မောင် မောင်စောင့်နေလိမ့်မယ်၊ ကျတော်ပြန်မှဖြစ်မယ်"

"မင်းအဲ့အကောင်ကို ဘာလို့အဲ့လောက်ဖြစ်နေတာလဲ၊ ဟိုကမင်းကိုသုံးဖို့အတွက်ပဲ Nattawat ၊ မင်း မိုက်ရူးရဲမဆန်စမ်းပါနဲ့။ ငါ့သားဖြစ်ပြီး ပေါ့ညံ့လိုက်လေခြင်း..."

"မဟုတ်ဘူး သားတို့နှစ်ယောက်ကြားထဲကအချစ် သားတို့ပဲသိတယ်...မေမေရယ် သားတောင်းပန်ပါတယ်။ နောက်ဆုံးဖြစ်ဖြစ် ခွင့်ပြုပေးပါ"

"သူ့ကိုခေါ်သွားကြစမ်း... တိုက်ပိတ်ထားလိုက်! "

"မဟုတ်ဘူး!!! ငါ့ကိုလွှတ်"

ဆွဲခေါ်သွားပြီ။ အခန်းကျယ်တစ်ခုထဲမှာ ပိတ်လှောင်ခံထားလိုက်ရသည်။ အခုဆိုသူ့အနားမှာ နံရံလေးဖက်ကလွဲလို့ ဘာမှမရှိတော့ဘူး။

* မောင်များငါ့ကိုမျှော်နေလေမလား.. မောင်*

တစ်ညလုံး ဟိုဘက်လှိမ့် ဒီဘက်လှိမ့်၊ ဟိုတွေးဒီတွေးနှင့် အိပ်လို့မရ‌ဘူး။အတွေးများကြားနစ်မြောနေသည်။ ကျတော်ဒါကိုဘယ်လိုကျော်ဖြတ်ရမလဲ...

သေချာတာက

ကျတော်က အရင်က ဒီခန္ဓာကိုယ်ပိုင်ရှင် Nattawat မဟုတ်ဘူး၊ ဒါကြောင့် ဒီထီးနန်းဆိုတဲ့ဟာကို ကျတော်မမက်ဘူး လိုလည်းမလိုချင်ဘူး။ ကျတော်နဲ့လည်းမဆိုင်ဘူး...

ကျတော်အခုအဖြစ်ချင်ဆုံးဆိုရင် ဒီဗိုက်ထဲက ကလေးကိုမွေးမယ် ပြီးရင် မောင်နဲ့အတူတူရှိနေချင်တယ်...ထာ၀ရနေမယ်လို့‌မပြောလိုပါဘူး၊ထွက်သက်ရဲ့နောက်ဆုံးအချိန်ထိတော့ နေချင်ပါတယ်။

ကျတော်ထင်ပါတယ် မောင်လည်း ကျတော်နဲ့နည်းတူခံစားရမယ်လို့။

အတွေးများနေချိန် အစောင့်ယောင်တူသည့်လူတစ်ယောက် တံခါးအ၀နားလာရပ်နေသည်။ ‌ပြီး‌လျှင် ကျတော့်မျက်နှာထံ စက္ကူလုံးတစ်ခုနှင့် မျက်နှာတည့်တည့်ကိုပစ်ပေါက်လိုက်သည်။

ကျတော်အဲ့စက္ကူကို လွင့်ပစ်မလိုလုပ်နေချိန် သူကမျက်စပစ်ပြီး ထွက်သွားသည်။ ကျတော်လည်းဖွင့်ဖတ်ကြည့်လိုက်တော့...

Married To The Death ManWhere stories live. Discover now