ချစ်တယ် ...Wat❤️¹²

288 29 4
                                    

"အမလေး...သူနဲ့သာ ၁၀ရက်လောက်နေရင်ငါ့လူပျိုဘ၀လေးပျက်မလားပဲ၊ စားမယ့်ဝါးမယ့်ပုံနဲ့ကြည့်နေတာ တော်သေးတယ် မောင်းထုတ်ဖို့ အကြောင်းပြချက်ရှိလို့"

"ဟိတ် အသင်..."

"ဟော! ကိုယ်တော်ချော ကျီးကန်း လန့်တာ"

"ဘယ်လိုလဲအဆင်ပြေရဲ့လား"

"ကျတော့်ပုံကိုကြည့် အဆင်ပြေနေလို့လား၊ ဘယ်ရမှန်းမသိတဲ့ ခန္ဓာကိုယ်ထဲရောက်‌ပြီး ဘယ်မှန်းမသိတဲ့သူနဲ့ ညားတော့မလို့"

"‌ဘာ! မင်းရောက်နေတဲ့ခန္ဓာကိုယ်က ဘယ်သူ့ခန္ဓာကိုယ်မှန်းမသိသေးဘူးလား"

"ဘာကိုသိရမှာလဲ၊ ကျတော်လည်းသိချင်လို့ သူ့ရဲ့ပုံတွေ၊ ပန်းချီကားတွေ ‌အိုးးး ဘာမှကိုမမြင်ရဘူး၊ ဝါးနေရောပဲ"

"မင်းက သခင်လေးကြည့်တဲ့ ပန်းချီကားတွေကိုမမြင်ရဘူး? အာ အဲ့တာမင်းကသေချာမမြင်ရဘူးဆိုတာ အဲ့တာတွေကို မင်းအရင်မြင်ဖူးလို့၊ မင်းအရင် ကမ္ဘာမှာတည်းကမြင်ဖူးနေလို့"

"ဟုတ်လား? အဲ့တုန်းက သူ့ရဲ့မျက်လုံးတွေကိုပါမမြင်ရဘူး"

"သခင်လေး မျက်လုံးလား?"

"အင်း...ဝါးပြီးတော့ သေချာမမြင်ရဘူး"

"ဒါဆို ဆိုလိုတာကမင်းကဟိုဘက် ကမ္ဘာမှာလည်း Geminiကိုမြင်ဖူးနေတာပေါ့ မင်းတို့ကဘယ်လိုဆက်ဆံရေးလဲ"

သူ့နာမည်ကိုလဲကျတော်မသိဘူး၊သူလည်းကျတော်နာမည်သိပုံမရဘူး အဲ့လိုဆက်ဆံရေးပါပဲ ၊ သူကိုစတိုးဆိုင်တစ်ခုနားမှာခဏခဏတွေ့နေတာ၊ ကျတော်တို့ကဘာတွေလဲဟင်၊ ပြီးတော့ Gemiလို့ ဘာလို့ခေါ်တာလဲ ကျတော်ကရော ဘာလို့သူ့နာမည်ကိုသိနေရတာလဲ"

"အရင်ကဒီခန္ဓာကိုယ်ပိုင်ရှင်ပေးခဲ့တဲ့ နာမ်စားပေါ့၊ ဒီခန္ဓာကိုယ်ပိုင်ရှင်က ထက်မြတ်တယ်လေ သူကရောမအက္ခရာတွေကိုတက်မြောက်တယ်၊ ဆနဝီပြည်မှာသူက အထက်မြတ်ဆုံးဆက်ခံသူလို့ပြောလို့ရတယ်...ထက်မြတ်တယ်၊ ဉာဏ်ကောင်းတယ်၊ သဘောလဲကောင်းတယ်၊ စိတ်ထားလည်းပြည့်ပါတယ်၊သူကမဟုတ်လဲမခံဘူး၊ အရမ်းဖုံးကွယ်တတ်တယ်၊ ပြီးတော့ အလွန်တရာလည်းရက်စက်လွန်းတယ်။"

Married To The Death ManWhere stories live. Discover now