စံအိမ်ကြီး🏰⁹

287 38 0
                                    


ကျတော့် အိမ်မက်ထဲကအဖြေကိုရှာဖို့ ဒီပန်းချီကားကိုလိုမယ်ထင်လို့ ပေါ်တင် လုလာခဲ့တာ။

ကျတော်တောင်းရင်ပေးမယ် မပေးဘူး သေချာမသိဘူး၊ ဒါကြောင့် လုလာတာ...စိတ်ထဲလုချင်စိတ်ဖြစ်လာလို့ လုတာ။

ထိုအိမ်ထဲမှ ထွက်လာတော့ ဘယ်နေရာကိုရောက်နေတာလဲ သေချာမသိဘူး... ခပ်မှောင်မှောင် သစ်တောထဲ ခပ်ညစ်ညစ်ရေနှင့် ‌စမ်းချောင်းငယ်တစ်ခု ထိုမှောင်မဲမဲ သစ်တောနှင့် လိုက်ဖက်ညီနေတဲ့ အိမ်တစ်လုံးလဲတွေ့ခဲ့သည်။___

"ဟင်...ဟင် ငါဘယ်နေတာလဲ"

အိမ်ကြီး စံအိမ်လို့ပြောလို့ရပေမဲ့ အပြင်ပိုင်းက ညစ်ညစ်ပတ်ပတ်နိုင်သည်။ အဲ့ထက်ဆိုးတာက ညှီစို့စို့အနံ့က စိတ်ပါရင် သေလို့ရသည်။

ထိုအိမ်ထဲမှ ထွက်လာတဲ့ ကျီးကန်း၊ ထိုကျီးကန်းက ကျတော့်ကို တစ်ချက်ကြည့်ကာ အိမ်ကြီးထဲ၀င်သွားသည်။

ဘာလုပ်ရမှန်းမသိမဲ့တူတူတော့ ထိုအိမ်ထဲသာ၀င်ရန်ပြင်လိုက်သည်။

ဘာလုပ်ရမှန်းမသိမဲ့တူတူတော့ ထိုအိမ်ထဲသာ၀င်ရန်ပြင်လိုက်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


*ပုံဖော်မရမှာဆိုးလို့*

အိမ်ထဲ၀င်ရန် ဆုံးဖြတ်ခဲ့တာမမှားနိုင်ပါဘူး
အမှန်တရားကိုသိရရန် ခြေတစ်လှမ်း...

အိမ်ထဲကိုရောက်တော့ သားသားနားနားရှိလှတဲ့ ကော်ဇော်ကနေ သတိထားမိသည်။

အရာအားလုံးက သပ်သပ်ရက်ရက် ရှိတယ်ဆိုရုံပဲ၊ ပရိဘောဂတွေအားလုံးကို အမဲနှင့် အနီသာသုံးထားသည်။

နံရံတွေရဲ့ အရောင်ကိုလဲ အနီသုံးထားသည်၊ ကော်ဇော်ကတော့ အမဲ ဘာလို့ပြောင်းပြန်ဖြစ်နေရတာလဲ။

ထိုအခါထွက်လာတဲ့ခြေသံတချို့က ကျတော့်အပြင် နောက်တစ်‌ယောက် သို့မဟုတ် လူအချို့က ဒီအနီးနားတွင်ရှိနေနိုင်ပြီ။

Married To The Death ManWhere stories live. Discover now