ချန်ခဲ့သူ 🌁²⁹

127 17 5
                                    

"အလောင်းကိုသယ်လာခဲ့..."

"သခင်လေး သူကမသေသေးပါဘူး"

မဲ့ပြုံးတစ်ချက် ပြုံးရင်း အပေါ်ကိုတက်သွားတဲ့ သခင်လေးကို နားမလည်သလိုကြည့်မိသည်။

"ငါနောက်လိုက်ခဲ့၊ မြေအောက်ခန်းထဲထားကြမယ်"

"ဟုတ်ကဲ့"

မြေအောက်ခန်းကိုဆင်းလာပြီး ခန္ဓာကို
ကုတင်တစ်လုံးပေါ်တင်လိုက်သည်။ မြေအောက်ခန်းဆိုသော်လည်း ခန့်ညားထည်ဝါလှသည်မှာ ပြောရန်မလို...

"သွား‌လို့ရပြီ....ဒီထဲကို ဘယ်သူမှ‌မလာခိုင်းနဲ့"

"ဟုတ်"

ထိုကောင်လေးထွက်သွားသည်နှင့် Fourthအနားကိုတရွေ့ရွေ့ကပ်သွားတဲ့ Gemini.

"ကယ် အခုတော့ မင်းဘာတတ်နိုင်သေးလဲWatရယ်

မင်းအစောကြီးကတည်းကငါ့ကိုပြန်ချစ်ပေးသင့်တာ၊ အခုတော့ ငါတစ်ယောက်ထဲချစ်ရတော့မယ်"

ပြောရင်းမျက်ရည်တစ်ဖြတ်ကျမိပါတယ်။ တစ်ဖြတ်ပါပဲ ဘာလို့လဲဆိုတော့ Watကမကြာခင်မှာ ကျတော့်လူဖြစ်လာ‌ တော့မှာ။

သူပြောသလို သူ့နှလုံးသားကိုရတာနဲ့ ကျတော့်ကိုသူပြန်ချစ်တော့မှာ၊

"မင်းနှလုံးသားမရှိရင်အသက်မရှင်နိုင်တာသိပါတယ်၊ ဒါပေမဲ့ ဒီဘ၀မပေါင်းရလည်းဘာ‌အကြောင်းလဲ နောက်ဘ၀ပေါ့၊
မဟုတ်ဘူးလား အချစ်ရယ် နော်"

ကျတော်ပြောရင်း သူ့နှုတ်ခမ်း‌တွေဆီ အကြည့်ရောက်မိတယ်၊ သူ့နှုတ်ခမ်းတွေက "နမ်းပါ...နမ်းပါ" လို့ အသံတွေထွက်နေတယ်

ကျတော်သိတာပေါ့ သူကအသံမထွက်နိုင်တော့ဘူးလေ။ သူ့ကြောမှာ စိုက်ထားတဲ့ အဆိပ်မြှားကြောင့် သူသတိမရလာသေးဘူး။

ကျတော်သူ့ဘေးနား ၀င်လှဲလိုက်ပြီး သူ့ကို အသာဖက်ထားမိတယ်...မကြာခင်မှာ သူကပုတ်လာပြီး ပျက်စီးသွားတော့မှာ!

သူပျက်စီးသွားရင်တောင် သူ့ကို ကျတော့်ရင်ခွင်ကြီးက ကြိုဆိုနေဦးမှာပါ။

အဆိပ်မိနေတာတောင် အသက်ပြင်းတဲ့ Fourthရဲ့ လက်တွေလှုပ်လာတယ်။ ကျတော်လန့်သွားတယ်...ကျတော့်ကိုတွေ့ရင် သူခါးခါးသီးသီးတွေပြောပြီး သူကျတော့်အနားကနေထွက်ပြေးဦးမှာ။

Married To The Death ManWhere stories live. Discover now