လှို့ဝှက် ကင်မရာ 📷³

504 57 4
                                    

Phuwin "အင်း fot ထည့်စား၊ ဒီဆိုင်က Seafood ကအရမ်းကောင်း"

"ဟုတ်တယ်၊ ‌လတ်ဆတ်တယ်နော်"

Pond "မဟုတ်ပါဘူး...‌ နေပါဦး မင်းက ဘာလို့ ‌ကျောက်ပုစွန်ကို ခရင်းနဲ့ဇွန်နဲ့သုံးပြီးခွာနေတာလဲ ဟ"

"လက်ပေမှာဆိုးလို့၊ ခွာလို့တတ်ပါတယ်ကွ"

"လခွီး ပေးပေး ငါခွာပေးမယ်"

Phuwin "ရပါတယ် ငါခွာပေးလိုက်မယ်"

Pond "ဟ"

"နေနေ ငါ့ဘာသာခွာမယ်၊ သတ်မနေကြနဲ့ ကိုယ့်ဘာသာစားစရာရှိတာစား။ ပြီးရင် အိမ်ပြန်မယ်"

Phuwin "ငါတို့ မြစ်နားမှာ လမ်းလျှောက်ထွက်ကြမယ်လေ ချက်ချင်းမပြန်ပါနဲ့ဦး"

"နေနေ ငါစားပြီး ဘာမှမလုပ်ချင်ဘူး"

"ဒါဆိုလဲ သဘော Phuwinကိုပဲ အိမ်ပြန်ပို့ခိုင်းလိုက်တော့၊ ပြီးမှ ငါ့အကိုကို ဖုန်းဆက်ပြီးပဲ လာခေါ်ခိုင်းတော့မယ်"

"အဲ့လိုပဲလုပ်မလား fot"

"အေးပေါ့ ငဖုရ"

စားပြီးသောက်ပြီး အိမ်ကိုပြန်ကြသည်။ pondကတော့ သူ့အကိုလာကြိုမည်ဖြစ်၍ ကျန်ခဲ့သည်။ PhuwinကFotအိမ်သို့...

"ဒီနေ့အတွက်ကျေးဇူးတင်တယ်နော် ၊ အစားအသောက်အတွက်ရော ၊ လက်ဆောင်ပစ္စည်းအတွက်ရော"

"ဧည့်သည်ကို အိမ်ထဲမခေါ်တော့ဘူးလား"

"မင်းကဘာ၀င်လုပ်ဦးမလို့လဲ"

°အိမ်ရှင်ဆိုတာ အဲ့လိုဖြစ်နေရမယ် 🤏°

"ဒီတိုင်း၀င်လည်ချင်လို့ပါ၊ လာပြီနော်"

"ဟ..."

အတင်း၀င်လာတော့ အော်ဆဲပြီးနှင်ထုတ်ရင်လဲထွက်မည့်ပုံမပေါ်... အိမ်ထဲ၀င်ပြီး ဟိုကြည့်ဒီကြည့်၊ ဟိုကိုင်ကြည့်ဒီကိုင်ကြည့်နှင့် လက်ကဂနာမငြိမ်။

"ဒါက...‌‌ဒါက!"

"ဘာလဲ"

"ဒါ..."

"အော် အဲ့တာက ရှေးဟောင်း‌ပစ္စည်းရောင်းတဲ့ဆိုင်ကိုသွားတာ ရုတ်တရက် အဲ့ဆွဲကြိုးလေးကို တွေ့တော့ စိတ်ထဲတစ်မျိုးလေး ခံစားရတာနဲ့၀ယ်လာတာ ၊ လှလွန်းလို့"

Married To The Death ManWhere stories live. Discover now