ပန်းချီကား🖼️⁸

320 41 4
                                    

တီ တီ 🚗

"Phuwinလာပြီ"

ကားနားရောက်သွားတော့ ဖုဖုက

"ဘယ်လိုလဲ Fourthကိုဖုန်းဆက်ပြီးပြီလား"

"မဆက်ရသေးပါဘူး၊ လာပါ သူ့အိမ်ကိုသွားခေါ်ကြမယ်"

"အင်း သူကသူ့အိမ်ကိုလာရင် ဖုန်းအရင်ဆက်ဖို့မှာထားတယ် ဆက်လိုက်ဦး"

"အော် ဘာထူးလဲ"

"ဘာပဲဖြစ်ဖြစ်။ ခါးပတ်ပတ်ဦး"

"အင်း"

တီတီတီ~~~

*ဟလို*

"Ai'Fot"

*ဟာာာာာာ မင်းတို့ပြောမှာငါသိတယ် မပြောနဲ့ ငါမလိုက်ဘူး*

"ဟျောင့်ရေ မင်းတစ်ခါမှလဲမလုပ်ဖူးပဲနဲ့ လာပါ ပျော်သွားမှာပါကွာ"

*နေစမ်းပါကွာ*

"ဘာမှမပြောနဲ့တော့ ငါတို့မင်းအိမ်ကိုလာနေပြီ အဆင်သင့်ပြင်ထား"

*အားးးးး မလာနဲ့ ငါမလိုက်ဘူးးးးလို့*

"...."

ဖုန်းချသွားတဲ့ ခွေးမျိုးကို လည်ပင်းသာညှစ်ချင်တော့သည်။ လူလိုပြောလဲ နားမလည်ဘူး အဲ့ဖူ၀င်းကို ဒီရက်ပိုင်း သိပ်ပြီး ခံစားလို့မရဘူး။ သူတခုခုမဟုတ်တာလုပ်နေတယ်လို့ ခံစားနေရတယ်၊ ဒါကြောင့် ‌လဲပါတယ် တကယ်အပြင်လဲမထွက်ချင်ခဲ့ဘူးးး။

"ဟိတ်...."

"ဟာာ မင်း ဘယ်လို၀င်လာတာလဲ"

"မင်းမေ့နေတာလား မင်းသော့အပို ပန်းအိုးအောက်မှာရှိတယ်ဆိုတာ ပြောဖူးတယ်လေ"

"ငါကဘယ်တုန်းကလဲ"

"အော် မနှစ်က မင်းကျန်ခဲ့တဲ့ စာအုပ်ပြန်ယူခိုင်းတုန်းက"

"ဟာ့!"

လွန်ခဲ့တဲ့ ၂နှစ်ကဟာကို မမေ့ပဲ ဒီနေရာမှာဉာဏ်လာကောင်းနေသည်။ သူဉာဏ်ကောင်းတာ ဟုတ်ပေမဲ့ ကျတော်စိတ်ညစ်ရတယ်။

"လာပါကွာ ငဖုအောက်မှာစောင့်နေတယ်"

"မင်းမသိဘူးလား pond"

"ဘာကိုလဲ"

"အော Phuwin Tangက ဘယ်လိုလူလဲ၊ မင်းသူ့ရဲ့နောက်ကြောင်းလဲ သေချာမသိ၊ သူက အသက်တောင်ပြည့်ရဲ့လား မသိပေမဲ့ ကားကတော်တော် ကျွမ်း"ကျင်"မောင်းတတ်နေတာလေ။ ပြီးတော့ သူ့လိုပိုက်ဆံရှိတဲ့ သူဌေးသားက ဘာလို့ တကယ့်ကျောင်းတွေမှာမတက်ရတာလဲ။ မင်းဘာမှမတွေးဘူးလား "

Married To The Death ManWhere stories live. Discover now