ကြာပန်း🍀¹¹

277 37 8
                                    

တစ်ဖက်က ကြာကန်တွင်လဲ

"ဆရာကြီး မနက်၄နာရီထိုးတော့မယ် သခင်လေးကလဲမလာသေးဘူး"

"အင်း ဒီ ကြာအစီအရင်ကို နေမပွင့်ခင်လုပ်မှရမယ် မဟုတ်ရင်တော့ ကယ်ဖို့မဖြစ်နိုင်ဘူး"

"ဦး သားတို့လိုက်သွားကြည့်ရအောင်လေ"

"နေနေ Phuwin သူစိတ်အလိုမကျရင် အကုန် ကျင်းကျပ်ထဲရောက်ကုန်မယ်"

"မဟုတ်ရင် သခင်လေး Nattawat ကဘယ်တော့မှပြန်ရှင်လာတော့မှာမဟုတ်ဘုးနော် ဦးearth"

"ဒီလိုလုပ်ပါလား၊ ပြောရတာမကောင်းပေမဲ့ ကျတော့်မှာ သခင်လေးWatရဲ့ နှလုံးသား အစိုင်အခဲရှိတယ်"

"ရှိတာကရပါပြီ စီရင်ဖို့အတွက် နောက်တယောက်ရဲ့ အစိတ်အပိုင်းလဲလိုသေးတယ်"

"ကျတော်ဆီကသာယူသွားပါ ဆရာကြီးရယ်"

"ခင်ဗျားအသက်?"

"၃၉ထဲတော့၀င်နေပါပြီ"

"မရဘူး၊ ဒီအစီအရင်က နေမထွက်ခင် သေသူရဲ့ အစိတ်အပိုင်းနဲ့ နောက်တစ်ခြားတစ်‌ယောက်ရဲ့ အစိတ်အပိုင်း။ နောက်တစ်ယောက်က သွေးလတ်ဆက်ရမယ်၊ လူပျိုစစ်ရမယ်၊ အရေးကြီးဆုံးက အသက်၂၅မကျော်ရဘူး"

"ဒါဆို...ကျတော်ဆိုရင်ရော ဦး"

"ဟင်...."

___

"Wat.....မင်း...လှုပ်နေတာငါသေချာတွေ့လိုက်တယ်Wat"

*ပြဿနာပဲ ငါလူသေအလောင်းခန္ဓာကိုယ်ထဲရောက်သွားတယ်လို့မပြောကြပါနဲ့*

ဘယ်သူမှလာမပြောတာသူသိတယ်၊ သေချာပေါက်ကသူက အဲ့သခင်လေးရဲ့ ‌ရည်းစားခန္ဓာကိုယ်ထဲရောက်နေတာ။

"ကိုယ့်ကိုလျစ်လျှူမရှုပါနဲ့ Wat... မင်းကိုယ့်ဆီပြန်လာတာကိုယ်သိနေတယ်၊ မျက်၀န်းလေးကိုမြင်ချင်လှပြီ၊ ဖွင့်‌လှည့်ပါ အချစ်ရယ်"

*အင်းးး ဒီအပုတ်နံ့ ကမ္ဘာမှာလဲငါကြာကြာနေနိုင်မှာမဟုတ်ဘူး၊ ရှောင်ရှီးရှီးနဲ့နေပြီး ကျီးကန်အကူအညီနဲ့အိမ်ပြန်မယ် ဒါဆို သူလဲခဏတော့စိတ်သက်သာရာရောက်မှာပါ*

သခင်လေးက သူ့ရဲ့လက်တွေကိုအသာကိုင်ကာ မျက်ရည်များဖြင့် ဒူးထောက်နေတယ်၊ ငိုနေလိုက်တာ ခေါင်းတောင်မဖော်လာဘူး။

Married To The Death ManWhere stories live. Discover now