သမိုင်း...💫¹⁹

178 25 2
                                    

ဆေးရုံတက်ရက် ၂ရက်မြောက်နေ့

"fourthဘယ်လိုနေလဲ Phuwin"

"သတိမရသေးဘူး"

"သူဘာဖြစ်သွားတာလဲမသိဘူး"

"အေး... ငါ့ပန်းချီကားကြီးလုပြေးတော့ ငါလည်း လိုက်ဖမ်းတာပေါ့ အိမ်ရှေ့ရောက်တော့ သူမေ့လဲနေတာ‌ တွေ့တော့တာပဲ"

"အေး အဲ့ကောင် ကျက်ရောပြည့်ရဲ့လား မသိဘူး။"

"ပြောမနေပါနဲ့ ၊ ငါအိမ်ပြန်ပြီးရေချိုးဦးမယ် မင်းခဏစောင့်နေပေးမယ်မလား"

"‌အင်း ရတာပေါ့ မင်း‌ပင်ပန်းရင် ဒီညငါစောင့်ပေးမယ်လေ"

"ရတယ် ငါစောင့်ပေးလိုက်မယ်၊ မင်းအကိုကကြိုက်လားမသိ မကြိုက်လားမသိနဲ့"

"သူက Ai fotကို ချစ်ပါတယ်ကွ"

"ရပါတယ် အများလုပ်ပေးရတာလဲမဟုတ်ပဲနဲ့၊ ငါပဲစောင့်လိုက်မယ် အခုတော့ ခဏစောင့်ထားပေးနော် ငါပြန်လာခဲ့မယ်"

"အင်းအင်း"

Phuwinက ပြောပြီးထွက်သွားသည်။ ကျတော်fotကို စိုးရိမ်ပါသည်၊ ဆရာ၀န်ကတောင် သူဘာဖြစ်သွားလဲဆိုတာ တိတိကျကျမသိရသော အခြေအနေဖြစ်သည်။

သူကအသက်တော့ရှုနေပေမဲ့ Coma၀င်သလိုဖြစ်နေတာပေါ့လေ၊ အောက်ဆီဂျင်တွေ ဘာတွေတပ်စရာမလိုပါပဲ အသက်တော့ကောင်းကောင်းရှုနေသည်။

သူ့ရောဂါကိုသိရပြီး သူပြန်နေကောင်းလာဖို့ ဘာမဆိုပေးဆပ်ဖို့ ကျတော်နဲ့phuwinဘေးမှာရှိသည်ကို သိစေချင်တယ်။ သူ့အမေကတော့ ယခုအချုပ်ထဲမှာပင်၊ လူသတ်တရားခံအဖြစ် ဖမ်းချုပ်ခံထားရသည်။

သူ့အမေက တရားမ၀င် မူးယစ်ဆေးနဲ့ သွေးတချို့ကို မှောင်ခိုလုပ်နေသူလည်း ဖြစ်သည်၊ သူမနှင့်အတူ သူမရဲ့နောက်ယောကျာ်းဆိုသူလည်းပါသည်။

ယခု ထိုနောက်ယောကျာ်းဆိုသူအသတ်ခံရသည်ကို သူမသတ်သည်ဟုစွပ်စွဲခံထားရသည်၊ နောက်ဆုံးအဲ့လူနှင့် အတူရှိခဲ့တာ သူမဆိုပြီး ထိုယောကျာ်း၏တပည့်များကထွက်ဆိုခဲ့သောကြောင့်ဖြစ်သည်။

သူမရဲ့ထွက်ဆိုချက်အရ မျက်လုံးနီနီနှင့် လူက ထိုနောက်ယောကျာ်းကိုသတ်သွားသည်ဟုဆိုသည်။ သူမကိုထိခိုက်မှုမပေးခဲ့ပေမဲ့.....ထိုယောကျ်ားကို‌တော့ သေနတ်နှင့် ထပ်ဆင့်ပစ်ခဲ့တာဖြစ်သည်။ သို့သော် သေနတ်ကသူမလက်ထဲမှာလည်း ကိုင်ထားလျက်ရှိသည်ကို ဟိုလူရဲ့ တပည့်တွေကတွေ့ခဲ့ကြသည်။

Married To The Death ManWhere stories live. Discover now