Description

3.1K 176 1
                                    


ရှယ်လင်သည် နှစ်ထောင်ပေါင်းများစွာသက်တမ်းရှိသည့်အမြီးကိုးချောင်းနှင့်မြေခွေးတစ်ကောင်ဖြစ်သော်လည်း မျက်စိတမှိတ်မျှ အခိုက်အတန့် အတွင်း သူ၏ အမြီးကိုးချောင်းလုံးကို ဆုံးရှုံးခဲ့ရသည်။

အမြီးများကို ကိုယ်တိုင်ဖျက်ဆီးရ လွယ်ကူသော်လည်း ပြန်လည်ရရှိရန်အတွက်မူ မလွယ်ကူပေ။

သူ၏နဂိုမူလ လူပုံသဏ္ဍာန်ပြန်ရရန်အတွက် အစီအရင်များကို ဖျက်ဆီး၍ အဓိက ကာယကံရှင်၏ ကံကြမ္မာကို အတင်းပြောင်းလဲကာ တိုက်ပွဲအတွင်းတွင် ရှေ့တန်းမှနေ၍ အမာခံလက်နက်သဖွယ် တိုက်ခိုက်ရမည်ဖြစ်သည်။

သို့သော်…ထိုအစီအရင်သည် အဘယ့်ကြောင့်ပို၍ ယုတ္တိမရှိ ဖြစ်လာရသနည်း။ အစီအစဉ်များသည်လည်း ပို၍ ထူးဆန်း ထိတ်လန့်ဖွယ်ရာကောင်းလာကာ ကမ္ဘာတစ်ခုစီတိုင်းတွင် ပေါ်လာတတ်သော ထိုလူသည် မည်သူနည်း။

သူသည် ကမ္ဘာတိုင်းကို ဖြတ်မသွားမီ အရေးကြီးသော ကိစ္စများကို မေ့နေပုံရသည်လား…

စူးရှန့်ရန် - "ဟုတ်တယ် မင်းငါ့ကိုမေ့နေပြန်ပြီ"

ရှယ်လင်- "ထွက်သွား…အချိန်တိုင်း မင်းပဲ ဘာမှ မမှတ်မိနေတာ အသိသာကြီး"

စူးရှန့်ရန် - "အဲ့ဒါက တကယ် မတော်တဆပါ"

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now