Chapter 35

196 35 0
                                    

🦊Chapter 35
Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး

3.10 အခုချိန်မှာတော့ ညီငယ်လေးလို့ပဲ သတ်မှတ်ထားလိုက်မယ်

ပိုင်ယွဲ့၏ ပထမဆုံး ရုပ်ရှင်ကားကို "ဝါးမြင်းရုပ်" ဟု နာမည်ပေးထားလေသည်။ ၎င်းက ရုပ်ရှင်ကား၏ အကြောင်းအရာနှင့် မသက်ဆိုင်သော နာမည်ပင်။ ရုပ်ရှင်က အချိန်စာရင်းအတိုင်း ပြီးဆုံးသွားပြီး စိစစ်ရေးဘုတ်အဖွဲ့ကို ဖြတ်သန်းပြီးနောက် နိုင်ငံခြားရုပ်ရှင်ပွဲတော်သို့ ဝင်နိုင်သွားလေသည်။ သူတို့က ၎င်းရုပ်ရှင် တရုတ်တွင် မထုတ်လွှင့်သေးမီ ဆုအတွက် လျာထားခံရသည်ဟူသော သတင်းကို ရရှိရေး စောင့်နေကြလေသည်။

ထိုအရာပြီးမှ ၎င်းရုပ်ရှင်ကို လူထုကို ချပြမည်ပင်။

ထိုကား၏ ဒါရိုက်တာ မည်သူမှန်း မသိရဘဲ ယခုလက်ရှိကျော်ကြားနေသော စွန်းကျန့်အန်းမှအပ မည်သည့် နာမည်ကြီး သရုပ်ဆောင်များမှလည်း မပါဝင်ပေ။ သူတို့က ပရိုမိုးရှင်းအတွက် များစွာ အကုန်မခံခဲ့ဘဲ အင်တာနက်ပေါ်တွင်သာ ထိုရုပ်ရှင်အကြောင်း လူတိုင်းသိစေရန် အဓိက တွန်းအားပေးကာ တင်ခဲ့လေသည်။

ထိုအချိန်တွင် ရွှယ်လင်ပါဝင်သော ရှိုးစီးရီး စတင် ထုတ်လွှင့်ပြသနေပြီ ဖြစ်ရာ အပိုင်းနှစ်ပိုင်းပင် ထုတ်လွှင့်ပြီးနောက် ကြည့်ရှုနှုန်းနှင့် အဆင့်သတ်မှတ်ချက် မြင့်တက်လာပြီဖြစ်သည်။ ထို့အပြင် ရွှယ်လင်က သူ၏ သရုပ်ဆောင်မှုဖြင့် လူအများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော် သူ၏ ပရိတ်သတ်အများစုသာ ထိုရှိုးစီးရီးကို လိုက်ပါကြည့်ရှုလေသည်။ ပရိုဂရမ်ထဲတွင် တိုတောင်းသော ဖော်ပြချက်အပြင် လူအနည်းစုသာ သူ၏ သတင်းအချက်အလက်များကို အသေးစိတ်ရှာဖွေကြည့်လေသည်။ သို့သော် ပရိုမိုးရှင်း စတင်လိုက်သည်နှင့် လူအများစုက သူသည် ပရိုဂရမ်တွင် ဧည့်သည်တော်ဖြစ်ကြောင်း သိလိုက်ရလေသည်။

လုံးဝ မကျော်ကြားသေးသည့်ရွှယ်လင်က ရှိုးတွင် အမြဲတမ်းဧည့်သည်အဖြစ် ပါဝင်လာမှုကို အစပိုင်းတွင် မေးခွန်းထုတ်ကြလေသည်။ သူ ဦးဆောင်သည့် အပိုင်းတွင် သူ၏ ရမှတ်သာ မကောင်းခဲ့ပါက ပထမဆုံးအပိုင်းတွင် ဥာဏ်ကောင်းသော နောက်ဆက်တွဲ သရုပ်ဆောင်မှုများကြောင့်သာ မဟုတ်ခဲ့ပါက လူတိုင်းကို မရင့်ကျက်သော ဇာတ်လမ်းများဖြင့် လှည့်စားကာ လူသတ်သမားအနေဖြင့် မလွတ်မြောက်နိုင်ခဲ့ပါက ပရိတ်သတ်အများအပြားက သူတို့၏ မကျေနပ်ချက်များကို ထုတ်ပြောမည်မှာ ကြာလှပြီပင်။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now