Chapter 32

108 24 1
                                    

🦊Chapter 32

အကျိုးဆောင်များက ထိုလုပ်ငန်းစဉ်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်သောကြောင့် ထိုကဲ့သို့ တစ်စုံတစ်ဦးကိုရှာဖွေခြင်းက အကောင်းဆုံးဖြစ်သည်။

ပိုင်ဟောက်က သူဌေးကြီးဖြစ်၍ အရာအားလုံးကို ပိုမိုအဆင်ပြေစေနိုင်သည်။ သို့သော် ရွှယ်လင်က ကောင်းမွန်စွာလုပ်ဆောင်လိုပါက သူ့ကိုယ်ပိုင်အစီအစဉ်များ ပြုလုပ်ရန်လိုအပ်သည်။

ရွှယ်လင်က သူ့ရွေးချယ်မှုကို ပြုလုပ်ထားခဲ့ပြီး အကူစနစ်လေးကမူ ပါးစပ်ပိတ်ထားရန်သာ ရွေးချယ်လိုက်သည်။အရှင် ထိုမနက်ကတည်းက ထူးဆန်းစွာပြုမူနေသည်ဟု ခံစားခဲ့ရပြီး သူ့အရှင်အား ယခုအချိန် သွားနှိုးဆွခြင်းကိုရှောင်ရှားနိုင်လျှင် အကောင်းဆုံးဖြစ်မည်။

ပိုင်ကွမ်းဖျော်ဖြေရေး အဆောက်အဦးက မြို့အတွင်းပိုင်းအတွင်းတွင်ရှိသည်။ ပိုင်ကွမ်းဖျော်ဖြေရေးက အစောပိုင်းကာလတည်းက ထင်ပေါ်ကျော်ကြားလာခဲ့ပြီး သမိုင်းများစွာရှိခဲ့သဖြင့် ထိုနေရာက လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သူတို့နယ်မြေဖြစ်ခဲ့သည်။ ပိုင်ဟောက် ဥက္ကဌ ဖြစ်လာပြီးနောက် သူက ကုမ္ပဏီအဆောက်အအုံကို ပြန်လည်တည်ဆောက်ခဲ့ပြီး အထပ်များစွာ ထပ်မံထည့်သွင်းခဲ့သည်။အဆောက်အဦး ပတ်၀န်းကျင်မှာလည်း သူတို့သာဖြစ်ပြီးပန်းခြံတစ်ခုဖန်တီးထားသည်။ မြေလက်မကို ရွှေအလေးချိန်ဖြင့်တိုင်းတာနိုင်သည့် ထိုဧရိယာမျိုးတွင် ထိုသို့သော အလဟဿ ဆောင်ရွက်ပုံများက လူတို့အားကူကယ်ရာမဲ့စွာ မနာလိုဖြစ်စေသည်။ နောက်ဆုံးတွင် ပိုင်မိသားစုက အခြားနယ်ပယ်များတွင် ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့ပြီး ပိုင်ကွမ်းဖျော်ဖြေရေးတစ်ခုတည်းကိုသာ မှီခိုအားထားရခြင်းမျိုးမရှိခဲ့ပေ။

လွတ်လပ်စွာ ဝင်ရောက်နိုင်ရန်အတွက် သက်သေခံကတ်ပြား လိုအပ်ပြီး ပိုင်ယွဲ့တွင် ထိုကတ်ပြား မရှိပေ။ သို့သော် ရွှယ်လင်ထံတွင် အကူစနစ်လေးတစ်ခုရှိသောကြောင့် ပန်းခြံထဲသို့၀င်ရန် မခက်ပေ။ အကူစနစ်လေး၏ အပြောအရ ကျီလွေ့ရှစ်၏ရုံးခန်းမှာ ပင်မအဆောက်အဦးတွင်ရှိပြီး ၀င်ရောက်ရန်ရက်ချိန်းလိုအပ်သည်။ ရွှယ်လင်က အကူစနစ်လေးအား ရက်ချိန်းမှတ်တမ်းများကို အတင်းအဓမ္မပြောင်းလဲစေရသောကြောင့်လည်း အပြစ်ရှိသည်ဟု မခံစားရပေ။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now