Chapter 24

203 29 1
                                    

🦊Chapter 24
Arc 2 - လူမှားလက်ထပ်မိခြင်း

2.15 - ဒါပေမဲ့ သူက မင်းကို ချစ်တယ်လေ~

ရွှယ်လင်သည် Weibo တွင် ထိုကဲ့သို့အားကောင်းသော အလှည့်အပြောင်းများကို ပြုလုပ်ပြီးနောက် သနားစရာကောင်းအောင် သရုပ်ဆောင်ပြီး လူအများ၏စာနာမှုကို နှိုးဆွရန် ရည်ရွယ်ချက်ရှိရှိကြိုးစားခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် သူသည် ရှုအုပ်စုကို ဖြိုခွင်းဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိကြိုးစားနေသည်ဟု မည်သူမျှပြောနိုင်လိမ့်မည် မဟုတ်ပေ။

သူသည် ရှယ်ယာများကို ရောင်းချခဲ့ရသည့် အကြောင်းအရင်းကို ပြောပြခဲ့သည်။ ထိုအချိန်တုန်းက သူသည် ရှယ်ယာများကို ရောင်းချရန် တွန်းအားပေးခံခဲ့ရပြီး သူ့အစ်မ၏စိတ်ပိုင်းဆိုင်ရာ အခြေအနေသည်လည်း ဆိုးရွားနေခဲ့ကြောင်း အလေးပေးပြောဆိုခဲ့သည်။ အကယ်၍ သူတို့သာ H နိုင်ငံတွင် နေခဲ့လျှင် သူမသည် စိတ်ရောဂါတစ်ခုခု ဖြစ်ပေါ်လာနိုင်ဖွယ် ရှိ၊ မရှိ ပြောရန် ခက်ခဲပေလိမ့်မည်။ သူ့တူလေးသည် စိတ်ဒဏ်ရာ ရနေခဲ့ခြင်းကြောင့် ထိုကဲ့သို့ပတ်ဝန်းကျင်မျိုးတွင် သူတို့ကို မထားနိုင်ခဲ့ပေ။ သူ့တူမငယ်လေးသည်လည်း ရှုယုံယီရဲ့မိခင်၏ စောင့်ရှောက်မှုအောက်တွင် ပျောက်ဆုံးသွားခဲ့ပြီး ပြန်ပေးဆွဲခံရကာ ရောင်းစားခံခဲ့ရကြောင်း ထပ်ဖြည့်ကာ ပြောဆိုခဲ့သည်။ ငွေအမြောက်အမြား ပေးရသည့်ပြေစာနှင့်အတူ စုံထောက်ထံမှမှတ်စုများကိုပါ ပူးတွဲဖော်ပြပေးခဲ့သည်။

သူသည် သူ့အစ်မနှင့်တူလေးအတွက် သူမြတ်နိုးသောဂီတနှင့် ကမ္ဘာ့အကျော်ကြားဆုံး ဂီတသင်တန်းကျောင်းသို့ တက်ရောက်ချင်သည့် သူ့အိပ်မက်ကို စွန့်လွှတ်ကာ ကုမ္ပဏီတစ်ခုဖွင့်ရန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ပြောင်းလဲခဲ့သည်။ သူ၏လက်ရှိအောင်မြင်မှုများကို ရနိုင်ရန်မှာ မလွယ်ကူလှပေ။

ထို့ကြောင့် ရှုယုံယီအား လွှတ်ထားပေးရန် သူ့ကို မတောင်းဆိုပါနှင့်။ ယနေ့ကြုံတွေ့နေရသော အခြေအနေများသည် သူနှင့် ထိုက်တန်ပေသည်၊ အနာဂတ်တွင် ဖြစ်လာသမျှအရာအားလုံးသည်လည်း သူနှင့်ထိုက်တန်သည့်အရာများသာ ဖြစ်ပေသည်။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now