Chapter 38

157 29 0
                                    

🦊Chapter 38
Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး

3.13 မင်း ကိုယ်နဲ့ တွဲနိုင်မလား 

သူ မိတ်ကပ်လိမ်းပြီး ဝတ်စုံဖြင့် ဓါတ်ပုံများရိုက်ပြီးသွားသောအချိန်တွင် ပိုင်ဟောက်က အလုပ်ပြီးချိန်ဖြစ်လေသည်။ ရွှယ်လင်က ပိုင်ဟောက်နှင့် ချိန်းဆိုပြီးပြီ ဖြစ်သော်လည်း ပိုင်ဟောက်၏ရုံးခန်းထဲတွင် အနီရောင် ဝတ်စုံဖြင့် လှပသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရမည်ဟု မမျှော်လင့်ထားပေ။ အနီးကပ် ကြည့်လိုက်သောအခါ သူမက ပိုင်ကွမ်းဖျော်ဖြေရေးကုမ္ပဏီနှင့် ရင်ဘောင်တန်းနိုင်သော သရုပ်ဆောင်လောကထဲမှ ပန်းပွင့်ငယ်လေး ဖန့်ချမ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူ့ဘေးနားမှ အကူစနစ်လေးက သရော်လိုက်သည်။
"မစ္စဖန့်က အရှင်တို့နဲ့ အဆင့်အတန်းတူတဲ့ မိသားစုကနေမွေးလာတာ... နောက်ပြီး သူရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ရုပ်ရှင်လောကမှာ နာမည်ကောင်းရပြီး ကျော်ကြားလာတာ မူလ ဇာတ်လမ်း အတိုင်းဆိုရင် သူက အရှင့်ရဲ့ အနာဂတ် မရီးပဲ..."

ရွှယ်လင်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး သူ့ခေါင်းကို လှည့်ကာ အကူစနစ်လေးကို အပြုံးလေးဖြင့် မေးလိုက်သည်။
" မင်း ဘာပြောလိုက်တယ်..."

"မူလဇာတ်လမ်းအရဆိုရင် သူက ပိုင်ဟောက်နဲ့ လက်ထပ်ရမှာ... မိသားစုနှစ်စုလုံးက အဆင့်အတန်းတူတဲ့ မျိုးရိုးတွေလေ သူတို့လက်ထပ်ပြီးတော့ ပိုင်ကွမ်းဖျော်ဖြေရေးကုမ္ပဏီက တရုတ်နိုင်ငံ ပြင်ပမှာပါ တိုးတက်လာပြီး ကမ္ဘာအနှံ့ ကျော်ကြားလာတာ..."
အကူစနစ်လေးက သူ၏ မှောင်မိုက်နေသောအသံကို သတိထားမိပုံမရဘဲ တာဝန်ကျေအောင် ရှင်းပြလိုက်လေသည်။

ရွှယ်လင် ယခုအချိန်တွင် အလွန်ဒေါသထွက်နေသည်။
မူလဇာတ်လမ်းထဲမှာ အဲ့လိုမျိုး ရှိတာကို အရင်က ဘယ်လိုလုပ် မသိရတာလဲ... နောက်ပြီး ပိုင်ဟောက်ကို တစ်ယောက်ယောက် ရယူပြီးသားလို့ သတ်မှတ်လို့ရတယ်လေ... ဒါက လူတစ်ယောက်ရဲ့ အိမ်ထောင်ရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေသလိုပဲမလား...

နောက်ဆုံးတွင် သူ မည်သည့်အရာကိုတွေးနေသည်အား နားလည်လိုက်သော အကူစနစ်လေးသည် ထပ်မံရှင်းပြလိုက်သည်။
" အင်း... အရှင် ဘာမှမလုပ်ရသေးတော့ အဲ့လိုတော့ ယူဆလို့ မရဘူးလေ... နောက်ပြီး ပိုင်ဟောက်က တစ်ခုခုလွဲနေတယ်လို့ ကျွန်တော် အမြဲခံစားနေရတာ သူ့ဆီကနေ  အရင်ဘဝတွေက ဗိုလ်ချုပ်ကြီးနဲ့ ကိုးလ်လိုမျိုး ရင်းနှီးတဲ့ ခံစားချက်တွေရနေတယ်..."

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now