Chapter 29

149 24 1
                                    

🦊Chapter 29
Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး

3.4

ရွှယ်လင် တံခါးကို မပိတ်မီအထိ အကူစနစ်လေးက သူ့မူလနေရာတွင်သာ မလှုပ်မရှားရှိနေသည်။ ထို့နောက် သူ အထဲသို့ခုန်ဝင်ကာပြောသည်။
“ အရှင်က ဘာလို့ သရုပ်ဆောင်ချင်နေရတာလဲ…ပိုင်ယွဲ့မှာ အဲ့လိုဆန္ဒမျိုး မရှိခဲ့ဘူးလေ…”

“ ငါ့ တာဝန်က ပိုင်ယွဲ့ဆန္ဒကိုဖြည့်ဆည်းဖို့မဟုတ်ဘူး…အဓိကဇာတ်ကောင်တွေရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့လေ….ပြီးတော့ သူ့ဆန္နတွေက အရမ်းရိုးရှင်းတော့ သိပ်ပြီး စိန်ခေါ်မှုမရှိကြဘူး… ”

အကူစနစ်လေးက အလေးအနက်တွေးတောရင်း နှုတ်ခမ်းများ တွန့်လိမ်နေသည်။
"အရှင်က ပြဿနာရှာဖို့အတွက် အားယားနေပြီးသားဆိုတော့ နောက်ကမ္ဘာကျရင် အဲ့လို ကြုံလာသမျှပေါက်ကရတွေ လျှောက်လုပ်ဖို့အချိန်လုံးဝမအားအောင် သေချာလုပ်ရမယ်…"

“ အဓိကဇာတ်ကောင်ရဲ့ ကံကြမ္မာကိုပြောင်းလဲဖို့အတွက်နဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲ သရုပ်ဆောင်အဖြစ်ဝင်ဖို့က လိုလို့လား…. ”

“ဒါပေါ့… သူ တဖြည်းဖြည်းစုဆောင်းခဲ့တဲ့ ဂုဏ်သတင်းကို ဖျက်ဆီးချင်တယ်…အဲ့ဒါမှ သူ နောက်ဆုံးမှာ လုံးဝသိက္ခာကျခံရတဲ့အခါ ဘယ်သူမှ သူ့အတွက် စိတ်မကောင်းဖြစ် ဝမ်းနည်းပေးမှာမဟုတ်ဘူး… ”

သူက သူ့ဆွယ်တာအင်္ကျီအား တစ်ချက်တည်း ဆွဲချွတ်လိုက်ပြီး သူ့ရှပ်အင်္ကျီ ကြယ်သီးများဖြုတ်နေသည်။
“ သူက လင်းရိနဲ့  အလုပ်တွဲလုပ်ရတာကို အရမ်းအလေးထားတယ်မလား…ငါက လင်းရိ သူ့ကို မုန်းသွားအောင်လုပ်မယ်…သူ့ပရိသတ်တွေက သူ့ကိုစွန့်ခွာသွားကြပြီး နောက်ဆုံးမှာ သူ့ကိုယ်သူပဲ ဖျက်ဆီးခွင့်ပေးလိုက်မယ်… ”

အကူစနစ်လေး - ဘယ်လောက်တောင် ရန်လိုနေရတာလဲ…

ရွှယ်လင်က မျက်စိမှေးကာကြည့်လိုက်ပြီး အကူစနစ်လေး စဉ်းစားနေသောအရာကိုသိရန် သူ့အမြီးကို ဖျစ်ညှစ်လိုက်သည်။
“ မမေ့ပါနဲ့… သူက မနာလိုမှုနည်းနည်းလေးကြောင့် အသက်ကိုရင်း သွားတာ….သူနဲ့ ပိုင်ယွဲ့တို့အကြားမှာ မကျေနပ်ချက်တွေ ရန်ငြိုးထားတာတွေ မရှိဘူး… သူ့မှာ မကောင်းတဲ့ဘဝ ရှိနေရတာနဲ့ပဲ ဘာလို့ ပိုင်ယွဲ့ကို မုန်းရတာလဲ…သူ့ကို ဘာကဖျက်စီးလိုက်တာလဲ…ငါတို့က သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ လိုတဲ့အတွက် သူ တစ်နေ့ပြန်မထနိုင်တာ သေချာအောင် စေ့စေ့စပ်စပ်လုပ်ရမယ်….”

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now