Chapter 31

138 25 1
                                    

🦊Chapter 31
Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး

3.6

ရွှယ်လင်က ရေပတ်တိုက်ခံနေရသောကြောင့် သူ့ဦးခေါင်းကို တုန်လှုပ်ချောက်ချားစွာခါလိုက်သည်။ သူ နိုးမနိုး မသေချာသော်လည်း သူက ဒေါသတကြီးနှင့် စူးစိုက်ကြည့်နေသည်။
“ ခိုးလ်…မင်းဘာလုပ်နေလဲ …”

ပိုင်ဟောက်၏လက်က ငြိမ်သက်နေပြီး သူ့မျက်နှာပေါ်တွင် မူလက ရှိနေခဲ့သော နူးညံ့သောအမူအရာက လျင်မြန်စွာမှောင်မိုက်သွားသည်။

ရွှယ်လင်က တစ်ခုခုမှားယွင်းသွားသည်ကို နားလည်ပုံရပြီး  ပိုင်ဟောက်ကို မျက်လုံးစွေကြည့်သည်။ သူ့မျက်နှာက တဖြည်းဖြည်းပြောင်းလဲသွားကာ နောက်ဆုံးတွင် သူသေချာနိုးလာပြီး သူ့ကိုယ်ကိုဆွဲတင်၍ သူ့နဖူးကိုပင် ဖိထားကာ ပိုင်ဟောက်ကိုပင် နှုတ်ဆက်နေသည်။
“ အစ်ကိုကြီး… ”

ပိုင်ဟောက်က အစ်ကိုကြီးဟု ခေါ်ခံရသည်မှာ ပျော်စရာမကောင်းဟု ခံစားရသည်။

ရွှယ်လင်က သူ့ခေါင်းကိုလှည့်ကြည့်လိုက်သည်။ သူ မည်သည့်နေရာရောက်နေသည်ကို သိသောအခါ အံ့သဩသွားသည်။
“ အစ်ကိုကြီးက ကျွန်တော့်ကို လာခေါ်ပေးတာလား…”

ပိုင်ဟောက်က ခေါင်းညိတ်လိုက်ပြီး သူ့ကို မျက်နှာသုတ်ပုဝါ ကမ်းပေးလိုက်သည်။
“ မင်းမျက်နှာကို ပဝါနဲ့သုတ်ပြီးရင် ရေချိုးတော့… အမူးပြေဆေးလုပ်ပေးဖို့ အိမ်ထိန်းကို ငါပြောထားတယ်… နောက်တစ်ခါကျအများကြီး မသောက်နဲ့… ”

ရွှယ်လင်က နာခံမှုကင်းမဲ့စွာ ခေါင်းညိတ်ပြီး အိပ်ရာပေါ်မှဆင်းကာ သူ့မျက်နှာကိုသုတ်လိုက်သည်။ ပိုင်ဟောက်က ထိုနေရာတွင်ရပ်နေသည်ကို မြင်သောအခါ သူက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
“ အစ်ကိုကြီး ပြန်သွားအိပ်သင့်ပြီမလား …”

သူ့ကိုကျေးဇူးတင်ရန် အစီအစဉ်ပင် မရှိဟုမြင်တွေ့ရေသာအခါ ပိုင်ဟောက်က ပို၍ ဒေါသထွက်ရသော်လည်း အကြောင်းအမျိုးမျိုးကြောင့်သူ့ညီငယ်က ရှေ့နောက်မကြည့်ဘဲ ပြောခဲ့သော အရာနှင့် ပတ်သက်၍ သူတွေးမိသွားသည်။
“ ကိုးလ်ဆိုတာ ရွယ်လေးရဲ့ နိုင်ငံခြားကမိတ်ဆွေလား…”

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now