Chapter 27

170 28 1
                                    

🦊Chapter 27
Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး

3.2 - ဒီရွှေပေါင်ကြီးက နည်းနည်းတော့ မမှန်ကန်သလိုပဲ

နောက်တစ်နေ့မနက်တွင် စောစောထပြီး ရေချိုးကာ အဝတ်အစားလဲပြီးနောက် လေယာဉ်မှီရန် လေဆိပ်သို့သွားခဲ့သည်။

ပိုင်မိသားစု၏ နေထိုင်မှုအခြေအနေက အနည်းငယ်ထူးခြားသည်။ ပိုင်ယွဲ့က လေးနှစ်သားအရွယ်အထိ တရုတ်နိုင်ငံတွင် ကြီးပြင်းလာခဲ့သည်။ ပိုင်ဟောက် ဆယ့်တစ်နှစ်ပြည့်သောအခါ ပိုင်မိသားစု၏ အနာဂတ် အမွေဆက်ခံသူအဖြစ် ခန့်အပ်ခြင်းခံရပြီး ညီအစ်ကိုနှစ်ယောက် အချင်းချင်း မပြေမလည်ဖြစ်ခြင်းမှ ကင်းဝေးစေရန် ပိုင်ယွဲ့အား နိုင်ငံခြားသို့ စေလွှတ်ခဲ့သည်။ ထို့အတွက်ကြောင့် ညီအစ်ကိုနှစ်ဦးက ညီအစ်ကိုသံယောဇဥ်မရှိဘဲ မူလပိုင်ရှင်(ပိုင်ယွဲ့)က မွေးရပ်မြေသို့ပြန်ရောက်ပြီးနောက် ပိုင်အိမ်တော်ဆီသို့ မပြန်ခဲ့ပေ။ ပိုင်ယွဲ့က သူ့ဘာသာသူ အပြင်မှာနေရန် ရွေးချယ်ခဲ့ပြီး ၎င်းကြောင့် စွန်းကျန့်အန်က သူ့ကို စောင့်ကြည့်ရန်နှင့် ချဉ်းကပ်ရန် အလွန်အဆင်ပြေစေခဲ့သည်။

ရွှယ်လင်က အစေခံများအပြည့်နှင့် ပြည့်စုံကောင်းမွန်သော အိမ်ကြီးတွင် နေထိုင်ရန် ငြင်းဆန်ပြီး ထိုအစား တိုက်ခန်းကျဉ်းလေးတွင် သူ့တစ်ယောက်တည်း နေထိုင်ရန် ရွေးချယ်ရလောက်သည်အထိ မရူးမိုက်ပေ။ သူ သုံးစွဲရန် ပိုက်ဆံရမည်မှာလည်း ပြောရန်ပင်မလိုပေ။ လေယာဉ်ပေါ်မတက်မီ အိမ်ကိုဖုန်းဆက်ကာလေယာဉ်နှင့် နိုင်ငံသို့ ပြန်လာနေပြီဖြစ်ကြောင်း၊ ညစာစားရန် အိမ်သို့ ပြန်လာမည်ဖြစ်ကြောင်း အိမ်တော်ထိန်းကို အကြောင်းကြားခဲ့သည်။ အိမ်တော်ထိန်းကြီးက အံ့အားသင့်နေသော်လည်း သဘောတူလက်ခံနေဆဲပင်။

အဖိုးပိုင်က ဤမြေးလေးကို သဘောမကျသည် မဟုတ်သော်လည်း ကလေး၏ပင်ကိုယ်စရိုက်က အလွန်ကျေနပ်ဖွယ်မကောင်းဘဲ အိမ်သို့ မကြာခဏ ပြန်မလာသောကြောင့် အဆက်အသွယ်လည်း အနည်းငယ်ပင် ရှိခဲ့သည်။ ပိုင်ဟောက်က သူ့ကို လေကဲ့သို့မမြင်ရသည့် လူတစ်ယောက်လိုသာ ဆက်ဆံသည်။ ရွှယ်လင်က စိတ်ထဲတွင် အနီးစပ်ဆုံး အကြံအစည်အချို့ကို တွေးလိုက်ပြီး မှန်ကန်ဆုံးသောနည်းလမ်းက အဖိုးပိုင်နှင့် ပိုင်ဟောက်တို့ထံ မျက်နှာရအောင်လုပ်သင့်သည်ဟု ခံစားမိသည်။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now