Chapter 36

187 33 0
                                    

🦊Chapter 36
Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး

3.11 - သူအချစ်ဆုံးလူက ပိုင်ယွဲ့ဆိုတာ ရှင်းလင်းနေတာပဲလေ

လင်းရိက မှန်ကန်သောအရာများကို မည်သို့ လုပ်ရမည်ကို ကောင်းကောင်းမွန်မွန် သိလေသည်။ သူက ရုပ်ရှင်လောကမှ လူအများကို သူ၏ ကိုယ်ပိုင်နာမည်နှင့် အာဏာအောက်တွင် တက်ရောက်ရန် ဖိတ်ခေါ်ခဲ့လေသည်။ ရွှယ်လင် ရောက်သောအခါ ပို၍ ကောင်းမွန်သည့် အလုပ်များကို စုဆောင်းမိစေရန်အတွက် လူကြီးများနှင့် တွေ့ဆုံရန် သူ့ကို ခေါ်သွားလေသည်။ ရွှယ်လင်၏ စိတ်ဝင်စားမှုဖြင့်ဆိုလျှင် သူ့ဘာသာလုပ်နိုင်ခဲ့မည်မှာ ထင်ရှားသော်လည်း ထိုနေရာတွင် အနည်းငယ် အပိုလုပ်နေခြင်းများရှိနေလေသည်။

ရွှယ်လင်က ပိုင်ကွမ်းဖျော်ဖြေရေးကုမ္ပဏိီနှင့် စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး သူ အလိုရှိပါက ထိုလူများနှင့် တွေ့ဆုံရန် အခွင်အလမ်းများစွာ ရှိလေသည်။ အခြားနည်းလမ်းဖြင့် ပြောရလျှင် သူ့ကို စိတ်ဝင်စားပါက ထိုလူများ၏ ဆက်သွယ်ရေး လိပ်စာများက်ို သူ့ရှေ့တွင် လာထားရမည်ဖြစ်ပြီး သူ လှည့်ကြည့်ချင်မှပင် ကြည့်လိမ့်မည်ပင်။ ထိုလူများကို သူ့အား စိတ်ကျေနပ်စေရန်အတွက် ဖိတ်ခေါ်ထားခြင်းက ရိုးရှင်းစွာပင် သူ့ကို အထင်သေးနေခြင်း ဖြစ်သည်။

သို့သော် ရွှယ်လင်က လင်းရိနှင့် ဝေးဝေးနေရန် အကြောင်းပြချက်ရှာပြီး ရုပ်ရှင်အဖွဲ့ဆီသို့ မသွားမီ ထိုလူများကို သူ့အား နှုတ်ဆက်ကာ ရင်းနှီးခွင့်ပေးရန် လှည့်ပတ်မှုများ ပြုလုပ်ခဲ့သည်။

လက်ထောက်ဒါရိုက်တာက ရုပ်ရှင်လောကတွင် နာမည်ကြီးပြီး သူ၏ ကိုယ်ပိုင်အခွင့်အလမ်းများနှင့် အတွေ့အကြုံရှိသော သခင်ကြီးတစ်ဦးဖြစ်သည်။ အစပိုင်းတွင် သူက ရွှယ်လင်ကို ထောက်ပြညွှန်ကြားခဲ့ပြီး အတော်လေး ကူညီခဲ့သည်။ သူက လင်းရိ၏ သဘောထားကို မြင်သောကြောင့် ဖန်ခွက်ကိုကိုင်ထားရင်း ယခုကဲ့သို့ လုပ်ပေးမှု အသေးစားလေးကြောင့် ထောင်ချောက်ထဲသို့ အလွယ်မကျစေရန် သတိပေးရန် ရွှယ်လင်နားသို့ ရည်ရွယ်ချက်ရှိရှိ ချဥ်းကပ်လာလေသည်။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now