Chapter 14

274 41 3
                                    

🦊Chapter 14
Arc 2 - လူမှားလက်ထပ်မိခြင်း

2.5 - မစ္စတာအိုဝင်က ခက်ခဲတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရတယ်။

ရက်အနည်းငယ်ကြာပြီးနောက် ဈာပနအခမ်းအနားတရားဝင်ပြီးဆုံးသွားခဲ့သည်။ လူအမြောက်အမြားလိုက်လံပို့ဆောင်ပေးခဲ့ကြပြီးနောက် ရွှယ်လင်သည်လည်း စိတ်သက်သာရာရသွားခဲ့သည်။

ရှုယုံယီသည် လာရောက်တွေ့ဆုံရန် အချိန်ဆွဲနေဆဲဖြစ်ပြီးနောက် သူ့ကျန်းမာရေးကို မေးလာသည်။

"ယွမ်လေး၊ မင်း ဘယ်လိုနေသေးလဲ"

ရွှယ်လင်သည် သူ့နှုတ်ခမ်းများကို စေ့ထားလိုက်ပြီး "ကျွန်တော်အဆင်ပြေပါတယ်၊ နည်းနည်းပင်ပန်းနေရုံပါ"

"ပင်ပန်းနေရင် စောစောပြန်ပြီး အနားယူလိုက်လေ။ အစ်ကိုလည်း အိမ်မပြန်တာ ရက်တော်တော်ကြာနေပြီ။ မင်းအစ်မရော ပိုသက်သာလာပြီလား။ အစ်ကို သူမကိုတွေ့ဖို့ မင်းနဲ့အတူ ပြန်လိုက်ခဲ့ရမလား"

"မလိုပါဘူး၊ ချင်လေးက အစ်ကို့အိမ်မှာ ရှိနေတုန်းပဲ၊ အစ်ကို ပြန်ပြီး သူ့ကိုသာ ဂရုစိုက်သင့်တယ်။ အစ်မစိတ်အခြေအနေက သိပ်မကောင်းသေးလို့ ကျွန်တော် အရင်ဆုံး အိမ်ပြန်ပြီး အစ်မကို ကိုယ့်ဘာသာကိုယ်ပဲ ဂရုစိုက်လိုက်ပါ့မယ်"

"ဒါလည်း အလုပ်ဖြစ်ပါတယ်။ မင်းနဲ့မင်းအစ်မက အမြဲတမ်း ရင်းရင်းနှီးနှီးရှိတယ်၊ အစ်ကို့အစား သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးပါအုံး။ အစ်ကို မနက်ဖြန်မှ သူ့ကို လာခေါ်မယ်"

filial pietyဝတ်ရုံရှည်ကို ဝတ်ထားဆဲဖြစ်သော သူ့ယောက်ဖ ထွက်သွားသည်ကို ကြည့်ပြီး ရွှယ်လင် အေးစက်စွာ နှာမှုတ်ထုတ်လိုက်သည်။ ထိုလူသည် သူ့အစ်မ အခုဘယ်မှာနေနေမှန်းတောင် မသိကြောင်း သူ လောင်းရဲသည်၊ သို့သော် သူ့အစ်မအား စိတ်ပူသည်ဟု ပြောနေဆဲပင်။ ရှုချင် အိမ်မှာရှိနေဆဲဖြစ်ကြောင်း သတိပေးလိုက်ရုံနှင့် သူ့ကို ထွက်သွားအောင်လုပ်ရန် လုံလောက်ပေသည်။

[filial piety - မိဘများ၊ လူကြီးများကို လေးစားရိုသေမှုကို ဖော်ပြသည့်အပြုအမူ]

သူ၏အဖိုးတန်သားကို ရက်အတော်ကြာ မတွေ့ရသည့်အတွက်ကြောင့် သူတကယ်ကို စိတ်ပူနေလိမ့်မည်။ သူသည် ရွှယ်လင်ဘေးရှိ ဇနီးနှင့်သားအကြီးဆုံးအတွက် စွမ်းအင်များကို မလိုအပ်ဘဲ အလဟဿသုံးချင်မည်မဟုတ်ပေ။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Onde as histórias ganham vida. Descobre agora