Chapter 4

442 73 0
                                    

🦝Chapter 4
Arc 1 - လူမှားယွင်းယုံကြည်မိခြင်း
(Arc -1.4)

မကြာမီ ဧကရာဇ်စာမေးပွဲအတွက် အချိန်ကျရောက်လာပြီး ကျောင်းသားများစွာက စာမေးပွဲခန်းမဝင်ပေါက်တွင်စုရုံးနေကြသည်။

ရွှယ်လင်နေသည့် တည်းခိုခန်းမှာ စာမေးပွဲဖြေမည့်နေရာနှင့်မဝေးပေ။ သူ ပြတင်းပေါက်ကိုမှီနေစဉ် အစိမ်းရောင်အဝတ်အစားများဝတ်ဆင်ထားသောလူငယ်တစ်ဦးကို ကြည့်ဖို့ရာ ရှောင်ချင်းထံမှဆွဲခေါ်ခြင်းခံလိုက်ရသည်။

အဆောက်အဦးများမှာ သိပ်မြင့်မားခြင်းမရှိပဲ ရွှယ်လင် လည်း အမြင်အာရုံကောင်းသောကြောင့် ထိုလူငယ်၏မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

ပုံပန်းအသွင်အပြင်အကြောင်း အမှန်တကယ်ပြောရမည်ဆိုလျှင် သွမ့်ရွှိရန်မှာ ချောမော၍ နူးညံ့သိမ်မွေ့သည်ဟုသာ မှတ်ယူနိုင်သည်။သို့သော်လည်း သူက ဖြောင့်စင်းနေသော ဝါးလုံးချောင်းကဲ့သို့ ဂုဏ်ဝင့်စွာနှင့် ထိုနေရာတွင်ရပ်နေပြီး သူ့နှုတ်ခမ်းများမှာလည်း အပြုံးတစ်ပွင့်နှင့်အတူ ကွေးညွှတ်နေသည်။အခြားသူများ သူ့ကိုကြည့်နေသည့်အခါတွင်လည်း စိတ်ချမ်းသာရလွယ်စေသည်။ သူက လူစုလူဝေးနှင့်ဝန်းရံခြင်းခံထားရပြီး ရယ်မောမြူးထူးနေကြသည်။ သူ အပင်ပန်းခံကာလိုက်လျောညီထွေးရန် ကြိုးစားခဲ့ရမှုများသည် အောင်မြင်ခဲ့ပုံရသည်။ သူ အဆင်ပြေပြေနှင့်ပင် ရောနှောနေ၍ သဟာဇာတဖြစ်နေတော့သည်။

သူ့ အတွင်းစိတ်အတွေးများကို ထုတ်ဖော်ပြသခြင်းမရှိပဲ အပေါ်ယံဘဝတွင်မူ အလွန် ကောင်းကောင်းမွန်မွန်ပင်ရှိနေသည်။ သို့မဟုတ်လျှင်အားစိုက်ထုတ်မှုနှင့် ကံတရားချင်းတူကြသော်လည်း အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်နေ၍သာ  သူက အခြားသူများထက် ပို၍သာနေခြင်းဖြစ်မည်။

ရှောင်ချင်း၏မျက်နှာမှာ ပူပန်သောကများနေသည်။ သူ အောက်သို့ ဆင်းကာ ထိုလူနှင့် ငြင်းခုံ လိုက်ချင်သော်လည်း ရွှယ်လင် ပြန်ဆွဲထားသည်ကို ခံလိုက်ရသည်။

“ ကုန်းဇီ….”
ရှောင်ချင်း နားမလည်နိုင်ပေ။

“သူက ကောင်းကောင်းမွန်မွန်ဝတ်စားထားတယ်လေ…သူ့ဘေးသူ့ပတ်ပတ်လည်မှာလည်း လူတွေအများကြီးပဲ…အဲ့လူတွေအားလုံးက ကုန်းဇီ အတွက်ဖြစ်ရမှာလေ…"

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now