Chapter 23

214 36 1
                                    

🦊Chapter 23
Arc 2 - လူမှားလက်ထပ်မိခြင်း

2.14 - မျက်နှာဖြတ်ရိုက်မှုများ ဖြစ်ပွားဆဲပဲ

ဝမ်ရှို့ယွမ်၏ပို့စ်နှင့်အတူ မူလက တည်ငြိမ်သွားခဲ့သော ဤကိစ္စသည် အင်တာနက်ပေါ်တွင် နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြန်သည်။

လူတိုင်းသည် သူတို့သူငယ်ချင်းများကိုပင် လာကြည့်ရန် ဖိတ်ခေါ်ခဲ့ပြီး ထိုလူ့အမှိုက်သည် ဘယ်လောက်တောင် အကျည်းတန်ပြီး ရွံရှာဖွယ်ကောင်းလဲ ဆိုသည်ကို မြင်ချင်နေကြသည်။

ရှုယုံယီသည် လူတောထဲတွင် လမ်းလျှောက်မိသည့်အခါတိုင်း မကြာခဏ လက်ညှိုးထိုးခံခဲ့ရသည်။ နောက်ဆုံးတွင် ပိုင်လုဇီနှင့် ရှုချင်တို့နှင့်အတူ ဝမ်မိသားစု၏အိမ်ဟောင်းမှ ထွက်သွားရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

မူလက စံအိမ်ကြီးကို ကွာရှင်းပြတ်စဲမှုနှင့်အတူ ဝမ်ရှို့ထင်အား ပေးအပ်ထားသည့် ပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်သည်။သို့သော် ဝမ်ရှို့ယွမ်အား အခက်အခဲများဖြစ်စေရန်အတွက် သူတို့သည် ထိုနေရာတွင် ဆက်နေရန်သာ စီစဉ်ခဲ့ကြသည်။

ဤအရာအားလုံးသည် စောဒကတက်ခြင်းမျှသာဖြစ်သည်ဟု သူ ထင်လိုက်ပြီး အမွေကိစ္စနှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုလာခဲ့သည်။ ထို့ကြောင့် သူသည် ဝမ်ရှို့ယွမ်၏ မိုက်ခရိုဘလော့ဂ်ကို ရဲဝံ့စွာ တုံ့ပြန်ခဲ့ပြီး အင်တာဗျူးသူများကိုလည်း သူ့အား လာရှာနိုင်ကြောင်းပြောခဲ့သည်။ ထို့နောက် ရှယ်ယာအများစုကို ထိုအချိန်က ဝမ်ရှို့ထင်နှင့် ဝမ်ရှို့ယွမ်တို့သည် သူ့ထံ အမှန်တကယ်ရောင်းချခဲ့ကြောင်းကိုလည်း ပြောခဲ့သည်။ သေးတမ်းစာအတုမပါဘဲနှင့်တောင် ဝမ်ရှို့ယွမ်သည် ရှုအုပ်စု၏အကြီးဆုံး ရှယ်ယာရှင်ဖြစ်လာနိုင်မည် မဟုတ်ကြောင်း သက်သေပြနိုင်သည့် အစုရှယ်ယာရှင်များနှင့် ဘုတ်အဖွဲ့ဝင်အများအပြားလည်းရှိသည်။

ရှုအုပ်စု၏ဘုတ်အဖွဲ့ဝင်အနည်းစုသည်လည်း ထိုအင်တာဗျူးတွင် ပေါ်လာပြီး ရှုယုံယီ၏စကားများကို အတည်ပြုပေးခဲ့သည်။

ဝမ်ရှို့ယွမ်သည် သူ့မိဘများသေဆုံးပြီးနောက်တွင် ဝမ်အုပ်စု၏ရှယ်ယာများကို စိတ်အားထက်သန်စွာ ရောင်းချခဲ့ကြောင်း ဖော်ပြခဲ့သည်။ အကယ်၍ ရှုယုံယီကြောင့်သာ မဟုတ်ပါလျှင် ရှုအုပ်စုသည် ၎င်း၏ယခုလက်ရှိအဆင့်သို့ ရောက်ရှိလိမ့်မည်မဟုတ်ကြောင်း၊ ဝမ်ရှို့ယွမ်၏ အခြားသူများ၏အောင်မြင်မှုများကို ခိုးယူလိုသောဆန္ဒသည် မနှစ်မြို့စရာကောင်းကြောင်း၊ ထို့အပြင် သူသည် ငယ်ငယ်ကတည်းက ဂီတကိုသာ အာရုံစိုက်ပြီး ကြီးပြင်းလာခဲ့ခြင်းကြောင့် စီးပွားရေးတွင် အရည်အချင်းမရှိကြောင်း၊ ယခု ရှုအုပ်စုသို့ ပြန်လာခြင်းသည် လုပ်ငန်းကိုသာ ထိခိုက်စေမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now