Chapter 25 Arc 2 End.

237 33 1
                                    

🦊Chapter 25
Arc 2 - လူမှားလက်ထပ်မိခြင်း

2.16 [End]

ဝမ်မော့၏ဂီတစွမ်းရည်သည် ပိုမိုထူးချွန်လာခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ရွှယ်လင်သည် အထူးကောင်းမွန်သော ဆရာတစ်ဦးဖြစ်သောကြောင့်လည်း ဖြစ်နိုင်သည်။ ဝမ်မော့သည် အသက်ငယ်ငယ်ဖြင့် ဇူကောကျီ ဂီတသင်တန်းကျောင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ ဘွဲ့ရပြီးနောက် သူသည် နိုင်ငံတကာအဆင့် ဂီတပြိုင်ပွဲတစ်ခုတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ဘယ်တုန်းကမှ ပြီးမြောက်ဖို့ အခွင့်အရေးမရခဲ့သည့် ဝမ်ရှို့ယွမ်၏ အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့ကာ ကမ္ဘာ့ထိပ်တန်း စန္ဒယားပညာရှင် ဖြစ်လာခဲ့သည်။ လူအများသည် သူ့ကို သဘောကျကြပြီး မရေမတွက်နိုင်သော ဂီတပညာရှင်များသည် သူ့ကို ချီးကျူးလေးစားလာကြသည်။

မီဒီယာများက ဝမ်မော့အား အင်တာဗျူးလာချိန်တွင် သူသည် သူ့ဆရာထက် အရည်အသွေး နိမ့်ကျနေသေးသည့်အတွက် ကမ္ဘာပေါ်တွင် အကောင်းဆုံးမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ဖူးသည်။ ကံမကောင်းစွာပင် သူ့ဆရာသည် တခြားသူများအတွက် သီချင်းတီးမပြသည်မှာ ကြာပြီဖြစ်သည်။

ဝမ်ရှို့ယွမ်၏ပရိသတ်များသည် တဖြည်းဖြည်း တိုးလာသော်လည်း သူ့အကြောင်းသတင်းများသည် ဆက်လက် လျော့နည်းလာသည်။ တဖြည်းဖြည်းနှင့် သူသည် လူအများ၏ မှတ်ဥာဏ်များမှ ပျောက်ကွယ်သွားကာ လူအနည်းငယ်လောက်သာ သူ၏လက်စားချေမှုကို အမှတ်ရတော့သည်။

သူမ၏ထောင်ဒဏ်ဒုတိယနှစ်တွင် ပိုင်လုဇီသည် တုပ်ကွေးရောဂါကိုခံစားခဲ့ရပြီး အပြင်းဖျားကာ နောက်ဆုံးတွင် ကုသမှုမအောင်မြင်သောကြောင့် သေဆုံးသွားခဲ့သည်။ ရွှယ်လင်သည် ထိုသတင်းနှင့်အတူ ရှုယုံယီထံ သေချာပေါက် မက်ဆေ့ချ်ပို့ခဲ့ပြီး ရှုယုံယီအား ပြိုလဲလုနီးပါးဖြစ်အောင် ပြုလုပ်ခဲ့သည်။

ပိုင်လုဇီကွယ်လွန်ပြီးနောက် ဆယ်နှစ်အကြာတွင် ရှုယုံယီသည်လည်း သေဆုံးသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်နှင့် စိတ်သည် နေ့ညမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရပြီးဖြစ်သည်။ နောက်ဆုံးကောက်ရိုးမျှင်ဖြစ်သော သားဖြစ်သူသည် သူ့အမေ၏ပေါ့လျော့မှုကြောင့် ရေလှောင်ကန်ထဲ ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည့်အချိန်တွင် လုံးဝပြိုလဲကျသွားပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now