Chapter 30

134 32 1
                                    


🦊Chapter 30
Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး

3.5

စွန်းကျန့်အန်း၏မျက်လုံးများက နောက်ဆုံးတွင် ရွှယ်လင်ပေါ်သို့ ကျရောက်သွားသည်။ သူက ထူးဆန်းစွာဖြင့်မျက်တောင် တဖျတ်ဖျတ်ခတ်သွားပြီး နှုတ်ဆက်လိုက်သည်။
“ မင်္ဂလာပါ…..ကျနော်က စွန်းကျန့်အန်းပါ… ကျွန်တော် ဥက္ကဌလင်းနဲ့ တူတူလာတာပါ…”

ရွှယ်လင်က သူ့စကားများကို လျစ်လျူရှုပြီး သူ့ကိုကြည့်လိုက်သည်။ ထို့နောက် လင်းရိကိုသာ မေးလိုက်သည်။
“ မင်းရဲ့ချစ်သူလေးကို ခေါ်ခဲ့တာလား…”

လင်းရိ၏ခန္ဓာကိုယ်တစ်ခုလုံး အေးခဲတောင့်တင်းသွားပြီး သူ့အမူအရာများမှာ အနည်းငယ်ထူးဆန်းနေသည်။ လူတိုင်း၏ အကြည့်များက ကရုဏာသက်သောအကြည့်များသို့ ပြောင်းသွားသည်။ သူက ပိုင်ယွဲ့ကိုကြိုက်နေသည်ဟု သိထားကြသော ထိုနေရာမှလူများက   စွန်းကျန့်အန်းကို အစားထိုးတွေ့လိုက်ရသောကြောင့် သူ့ ခေါင်းထဲတွင် မည်သို့တွေးနေသည်ကို နားမလည်ကြတော့ပေ။

သူ့ကို အစားထိုးတွေ့တာကဟုတ်ပါပြီ…

ဒါပေမယ့် တကယ့် မူရင်းအရင်တစ်ယောက်ကိုတွေ့ဖို့ကို သူ့ကိုပါ ခေါ်လာသေးတာလား…

သူ့ခေါင်းထဲ ဘာတွေတွေးနေတာလဲ…

လင်းရိက တောင့်တင်းစွာဖြင့် ခေါင်းညိတ်ပြပြီးပြောသည်။
“ ငါ တော်တော်လေးသောက်ထားတယ်လေ….အဲ့ဒါကြောင့် သူ့ကိုလာပြီး ကားမောင်းခိုင်းတာ…"

ရွှယ်လင်က အသိအမှတ်ပြုမှု အသံတစ်ခုပြုလုပ်ပြပြီး သူ့အသက်ရှူသံမျှဖြင့် ခပ်တိုးတိုးပြောသည်။
“ အိုး….သူက ရွေးခံထားရတဲ့ ယာဉ်မောင်းပဲပေါ့…. ဘာလို့ ပါတီရဲ့ပိုင်ရှင်လို သရုပ်ဆောင်ခဲ့တာလဲ… ”

စွန်းကျန့်အန်းက သူနှင့်နီးနေ၍ သူပြောသည်များကိုကြားသောအခါ သူ့မျက်နှာအသွင်အပြင်က ချဉ်တူးသွားသည်။

သူက ရှုပ်ထွေးသောအကြည့်နှင့်အတူ စွန်းကျန့်အန်းကိုကြည့်နေကာ သူ့အား စကားမပြောခဲ့ပေ။ လင်းရိ၏အမူအရာက အဆင်ပြေမနေဘဲ ဝိုင်တစ်ခွက်ကို မြှောက်ကိုင်လိုက်ကာ ပြောသည်။
“ လာပါ…မင်းနဲ့အတူ နောက်တစ်ခွက်ထပ်သောက်မယ်…”

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now