Chapter 39

197 34 1
                                    

🦊Chapter 39
Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး

3.14 - မင်း ငါ့ညီလေးရှေ့မှာ နောက်တစ်ကြိမ်ပေါ်လာတာကို ငါတွေ့ရင်...

ရွှယ်လင်၏အဆက်မပြတ် နှိုးဆွမှုကြောင့် လင်းရိ၏မျက်လုံးများက ချက်ချင်း နီရဲလာသည်။ လင်းရိ ရွှယ်လင်၏လက်ကို ဆွဲကိုင်လိုက်ပြီး ကားပေါ်သို့ နောက်တစ်ကြိမ် ဖိချလိုက်ကာ ရွှယ်လင်၏နှုတ်ခမ်းများကို နမ်းကာ ကိုက်လိုသည့် ရည်ရွယ်ချက်ဖြင့် ခေါင်းကိုငုံ့လိုက်သည်။ သို့သော် ထိုနှုတ်ခမ်းရဲရဲလေးကို ထိလိုက်သည်နှင့် လက်သီးတစ်ချက်က သူ့မျက်နှာပေါ်သို့ တိုက်ရိုက်ကျရောက်လာသည်။ သူက ဤဇာတ်လမ်း၏ အဓိကဇာတ်ဆောင်ဖြစ်ထိုက်သူဖြစ်သည်။ လင်းရိက တစ်ဖက်သို့  ရှောင်ထွက်သွားပြီး ရွှယ်လင်ကို လက်လွှတ်လိုက်ရသည်။

ရွှယ်လင် နာကျင်နေသော သူ့နောက်ကျောကို ထိလိုက်ပြီးနောက် ရွံရှာစိတ်အပြည့်ဖြင့် သူ့နှုတ်ခမ်းများကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်လိုက်သည်။

ပထမလက်သီးချက် လွဲသွားသော သူ့ရှေ့ရှိ ပိုင်ဟောက်က နောက်ထပ်လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်၍ လင်းရိ၏ဗိုက်အား တိုက်ရိုက်ထိမှန်သွားသည်။ လက်သီးတစ်ချက်ဖြင့် လင်းရိ မြေပြင်ပေါ်သို့မှောက်သွားပြီး သူ့မျက်နှာက နာကျင်မှုကြောင့် ရှုံ့တွသွားသည်။ ပိုင်ဟောက် သူ့ကို ထွက်သွားခွင့်မပေးဘဲ ခြေထောက်နှင့် ကန်ရန်ပြင်လိုက်သော်လည်း ရွှယ်လင်က သူ့ကို နောက်ပြန်ဆွဲလိုက်သည်။

ရွှယ်လင်က ခေါင်းငုံ့ထား၍ သူ့အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ လက်တစ်ဖက်က ပိုင်ဟောက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က အခုလေးတင် ထိုအမှိုက်ကောင် ထိသွားသည့် နှုတ်ခမ်းများကို သုတ်နေဆဲပင်။ ပိုင်ဟောက် သူ့မျက်နှာပေါ်ရှိ အမူအရာကို မမြင်နိုင်သော်လည်း ရွှယ်လင်၏ ရည်ရွယ်ချက်ကို နားမလည်ဘဲမနေပေ။ ပိုင်ဟောက် လင်းရိကို စူးစူးစိုက်စိုက်စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်း ငါ့ညီလေးရှေ့မှာ နောက်တစ်ကြိမ်ပေါ်လာတာကို တွေ့ရင် မင်းရဲ့ကျန်တဲ့သက်တမ်းတစ်လျှောက်လုံး မသန်မစွမ်းဖြစ်သွားအောင် သေချာပေါက်လုပ်ပစ်မယ်..."

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now