Chapter 34

183 33 0
                                    

🦊Chapter 34
အချစ်စစ်ဟု သတ်မှတ်နိုင်သော

ရုပ်ရှင်အား ထုတ်လွှင့်တော့မည့်အချိန်တွင် ရှောင်ရှားရမည့်အရာများ ရှိသည်။ သို့သော် ရွှယ်လင်က ၎င်းတို့အား စိတ်ပူမနေပေ။ ရုပ်ရှင်ရိုက်ပြီးသောအခါ သူက ပြင်းထန်သော နှောင်းပိုင်းထုတ်လုပ်ရေးအဆင့်ကို ဝင်ခဲ့လေသည်။ သို့ဖြစ်၍ လင်းရိမဆိုနှင့် ပိုင်ဟောက်နှင့်ပင် မတွေ့ခဲ့ရချေ။

လင်းရိက လူထူးလူဆန်းဖြစ်သည်။ သူ၏ နှလုံးသားထဲတွင် ပိုင်ယွဲ့ရှိသော်လည်း လင်းရိက အစားထိုးခဲ့ပြီး သူ၏ နေ့ရက်များကို လူစားထိုးနှင့် အေးအေးချမ်းချမ်း ဖြတ်သမ်းနေသည်မှာ ငတုံးတစ်ကောင်ကဲ့သို့ပင်။ သို့သော် သူ့တွင် လူစားထိုးနှင့် လရောင်ဖြူလေးသာ ရှိသည်။ လင်းရိက သူတစ်ယောက်တည်းနှင့်သာ အတူရှိနေသောကြောင့် စွန်းကျန့်အန်းက ထိုလူအား လူယုတ်မာဟု မသတ်မှတ်နိုင်ဟု ခံစားမိလေသည်။

စွန်းကျန့်အန်း၏ အမြင်တွင် လင်းရိက အမှားလုပ်သူ မဟုတ်ဘဲ အမှားလုပ်သူမှာ လင်းရိကို ဆွဲဆောင်ဖြားယောင်းခဲ့သော ပိုင်ယွဲ့ပင်။

သခင်ငယ်လေးပိုင် လက်တစ်ချက်ဝှေ့လိုက်လျှင်ပင် လင်းရိက နောက်ကကောက်ကောက်ပါမည်ဖြစ်ပြီး ဆွဲဆောင်စရာပင် မလိုကြောင်း သူ မတွေးမိပေ။ သူသာ စကားတစ်ခွန်းပြောလိုက်ပါက လင်းရိက စွန်းကျန့်အန်းအား စွန့်လွှတ်လိုက်မည်ပင်။ သူတို့က အကြိမ်ပေါင်းများစွာ ကွဲကွာသွားပြီး အခါခါ ပြန်ဆက်စရာပင် မလိုချေ။ သူတို့ ကျောက်တုံးကဲ့သို့ ဆက်ဆံရေးဖြစ်နေရသည့်အကြောင်းအရင်းမှာ လင်းရိ၏ စိတ်အတွင်း ရုန်းကန်လွန်ဆွဲနေရသည်များကိုသာ အပြစ်တင်နိုင်သည်။

လင်းရိက ပိုင်ယွဲ့နှင့် စွန်းကျန့်အန်းကြားတွင် ဝေခွဲမရ ဖြစ်နေသည်။ ပိုင်ယွဲ့နှင့် စကားပြောတိုင်း အပြစ်ရှိစိတ်ကို ခံစားရကာ စွန်းကျန့်အန်းနှင့် လမ်းခွဲချင်စိတ် ဖြစ်ပေါ်ပြီး ပိုင်ယွဲ့ကို ပိုးပမ်းချင်လေသည်။ သို့သော် ပိုင်ယွဲ့က သာမန်ကိစ္စများကိုသာ ဆွေးနွေးပြောဆိုပြီး သူတို့၏ ခံစားချက်များကိုမူ တစ်ခါမှမပြောပေ။ သို့သော် သူက စွန်းကျန့်အန်း၏ အနားသို့ ပြန်ရောက်လာသည်နှင့် စွန်းကျန့်အန်း၏ စဥ်းစားတွေးခေါ်တတ်ကာ နူးညံ့ညင်သာမှုများဖြင့် ချော့မော့ခံရပေသည်။ ယခု သူ့အပေါ်တွင် ခံစားချက်မရှိသော ပိုင်ယွဲ့ ကြောင့် သူတို့လမ်းခွဲမည့် ကိစ္စကို ဆက်လက် အချိန်ဆွဲထားသည်။ သူက စွန့်ကျန့်အန်းအား အမှန်တကယ် သဘောကျလေသည်။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now