Chapter 16

257 42 2
                                    

🦊Chapter 16

2.7 - မစ္စတာအိုဝင် နောက်တစ်ကြိမ် ပြန်တွေ့ရတာ ဝမ်းသာပါတယ်

ရွှယ်လင်သည် အချိန်ကာလ၏ကုန်ဆုံးသွားမှုကို သိပ်ဂရုမထားမိခဲ့ပေ။ သို့သော် မူလက သူ့ပေါင်အထိသာရှိသော်လည်း တဖြည်းဖြည်းကြီးထွားလာကာ ယခု သူ့ခါးအထိ ရောက်ရှိလာသော ကလေးငယ်လေးကို ကြည့်ပြီးနောက် အချိန်ကာလကုန်ဆုံးသွားခြင်း၏ အဓိပ္ပါယ်ကို ရုတ်တရက် သဘောပေါက်သွားသည်။

သို့သော် ဝမ်မော့၏ကြီးပြင်းနှုန်းသည် စကားပြောဆိုခြင်း တိုးတက်လာမှုယှဥ်လျှင် သိသိသာသာ ကွာခြားပေသည်...

လွန်ခဲ့သည့် နှစ်နှစ်ကျော်က လေတိုက်သည်ဖြစ်စေ မိုးရွာသည်ဖြစ်စေ ရွှယ်လင်သည် ဝမ်မော့အား နှစ်ပတ်တစ်ကြိမ် စိတ်ရောဂါအထူးကုဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ကုသမှုနှင့် သူ့မိသားစု၏ စောင့်ရှောက်မှုကြောင့် ဝမ်မော့၏ ပြင်ပကမ္ဘာအားခုခံနေမှုသည် တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ သူသည် ဂီတတွင် လုံးလုံးလျားလျား နှစ်မြှုပ်ပြီး ကမ္ဘာကြီးကို ပိတ်ဆို့တားဆီးထားသေးသော်လည်း အနည်းဆုံးတော့ အခြားသူများနှင့် ဆက်ဆံရာတွင် ပြဿနာတော့မရှိပေ။

သူ အမှန်တကယ် စကားမပြောချင်ရုံသာဖြစ်၏။

ပထမတွင် သူ့ရောဂါလက္ခဏာများသည် အနည်းငယ်ပြင်းထန်ကြောင်း ဆရာဝန်က ရှင်းရှင်းလင်းလင်းပြောပြခဲ့ပြီး ရွှယ်လင်အား သူ့ကို အထူးဂရုစိုက်ပေးရန် အကြံပြုပြောဆိုခဲ့သည်။ နေ့တိုင်း ဝမ်မော့နှင့်အတူရှိနေပြီး လုံခြုံသည့်ခံစားချက်ကို ပေးစွမ်းနိုင်လျှင် အကောင်းဆုံးပင်။ ထိုမှသာ သူသည် ကမ္ဘာကြီးကို ပိုမိုစက်ဆုပ်လာလိမ့်မည် မဟုတ်ဘဲ သူ့ကိုယ်တိုင် တစ်သားတည်းဖြစ်လာပေလိမ့်မည်။

ရွှယ်လင်သည် လုပ်ငန်းတစ်ခုစတင်ခြင်းနှင့် ငွေရှာရန် အလုပ်များနေသော်လည်း ဝမ်မော့နှင့်အတူနေပေးရန် အချိန်ပေးနေဆဲဖြစ်၏။ ထို့ကြောင့်ပင် ဝမ်မော့၏ ဂီတစွမ်းရည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

သူ့အမေ၏ပန်းချီစွမ်းရည်နှင့် ယှဉ်လျှင် သူသည် ဂီတနှင့် ပိုသင့်တော်ပုံရသည်။ ဂီတမှတစ်ဆင့် သူ၏ဖော်ပြရန် ခက်ခဲသောခံစားချက်များကို သူ့ပတ်ဝန်းကျင်ရှိ လူများထံ ချောမွေ့စွာ ထုတ်ဖော်ပြသနိုင်သည်။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now