မွေးစားအစ်ကို (အပိုင်း-၂)

2.6K 71 4
                                    

အခန်းထဲရောက်သောအခါဝယ်

"သွား ကျုပ်ရေချိုးဖို့ရေသွားစပ်လိုက်"

"ဟုတ် ရောင်နီအခုပဲ့သွားစပ်ပေးပါ့မယ်"

ခုနကပဲညီလို့ခေါ်ပြီးသူ့ကိုယ်သူအစ်ကိုနဲ့ပြောနေသူကသူတစ်ချက်ဟောက်လိုက်ရော အခေါ်အဝေါ်တွေပြောင်းသွားကုန်သည်။မဆိုးပါဘူး စကားတော့နားထောင်သား။ခင်ဗျားအခုလိုစကားနားထောင်လေကျုပ်ကအနိုင်ပိုကျင့်မိလေပဲ့ အဟက်။နေဘုန်းလည်းသူ့အတွေးတွေကိုဖျောက်ပြီး ရေချိုးခန်းထဲဝင်လာခဲ့သည်။ရေချိုးခန်းထဲရောက်တော့ကုတ်ကုတ်လေးနဲ့ရေစပ်နေတဲ့သူလေး။နေဘုန်းလည်းရောင်နီကိုမြင်တာနဲ့အကြံတစ်ခုပေါ်လာကာလူယုတ်မာအပြုံးလေးပြုံးလိုက်မိတယ်။

"ဟို ရောင်နီရေစပ်ပေးပြီးပါပြီနော်"

"နေအုံး ကျုပ်ရေချိုးမလို့ ဂျေး(ဂျီး)လာတွန်းပေး"

"ဟင်"

နေဘုန်းပြောလိုက်တဲ့စကားလေးကြောင့်ရောင်နီလေးမှာ မျက်လုံးလေးဝိုင်းစက်ကာပြူးသွားလေတော့သည်။

"ဟို ဟိုလေ အဲ့တာကမလုပ်ပေးလို့မရဘူးလားဟင်"

"မရဘူး ဒါကကျုပ်အမိန့်ပဲ့ လာတွန်းပေး အေ အမိန့်မခနာခံလို့ကတော့ကျုပ်အဆိုးမဆိုနဲ့"

"ဟို ဟုတ် လုပ်ပေးပါ့မယ်"

ထို့နောက်ရောင်နီလည်းနေဘုန်းအားဂျေးတွန်းပေးနေတော့သည်။သူ့လက်ကလေးကနူးညံ့တယ်၊သိပ်ကိုနူးညံ့တယ်၊သူ့ပုံစံကိုအားလုံးခြုံငုံကြည့်လိုက်ရင် မည်သူတစ်ဦးတစ်ယောက်မှသူ့ကိုမယှဉ်နိုင်ပေ။ထိုစဉ်နေဘုန်းတစ်ယောက်သူ့နောက်ကနေဂျေးတွန်းပေးနေတဲ့ရောင်နီရဲ့လက်ကိုရေကန်ထဲဆွဲချလိုက်တော့သည်။ရောင်နီကလည်းကြောက်အားလန့်အားဖြင့်ရေတွေမွန်းကာ ချောင်းတွေအဆက်မပြတ်ဆိုးနေတော့သည်။

"ဟို နေဘုန်းကဘာလို့ရေကန်ထဲဆွဲချတာလဲဟင် အဟင့်"

ရောင်နီကရေစပ်ကတည်းက နေဘုန်းရေချိုးရင်စိတ်ကြည်အောက်ဆိုပြီး ရေအေးအေးလေးစပ်ပေးထားသည်။သို့သော်ရောင်နီကရေအေးဒဏ်မခံနိုင်ပေ။

မွေးစားအစ်ကို (Complete)Where stories live. Discover now