ဆရာဝန်ရောက်လာပြီးစမ်းသပ်မှုတွေပြုလုပ်ပြီးသောအခါ
"လူနာကရောဂါထဖောက်တော့အခုလိုဖြစ်သွားတာပါ အအေးမိသွားတာကြောင့်လည်းပါပါတယ် နောက်ဆိုသေချာဂရုစိုက်ပေးပါ အခုလိုတွေမဖြစ်ပါစေနဲ့ ပြီးတော့လူနာကစိတ်ဖိစီးမှုလည်းများနေတယ်ထင်တယ် သူ့နှလုံးခုန်နှုန်းတွေကပုံမှန်မဟုတ်ဘူး ကျနော်ဆေးသွင်းပေးထားပါတယ် မနက်ဖြန်လောက်မှပဲ့ သတိရလာပါလိမ့်မယ် အိပ်ဆေးလည်းထိုးပေးထားတော့ လူနာအေးအေးဆေးဆေးပဲ့အိပ်ပါစေ"
နေဘုန်းကတော့ဆရာဝန်ပြောသမျှကိုမျက်နှာသေနဲ့နားထောင်နေပြီးစိတ်ထဲတွင်တော့ ခင်ဗျားအဲ့လောက်ပဲ့ပျော့ညံ့ရလားရောင်နီဖြာ ဒါပေမဲ့ခင်ဗျားဘယ်လောက်ပဲ့ပျော့ညံ့ပျော့ညံ့ကျုပ်ရည်ရွယ်ချက်ကိုတော့ ဘယ်တော့မှလက်လျှော့မှမဟုတ်ဘူး အဲ့တော့ခံနိုင်ရည်ရှိအောင်အားမွေးထားပေတော့ ရောင်နီဖြာ။
ဆရာဝန်ကတော့သောက်ရမဲ့ဆေးတွေကို အိမ်တော်ထိန်းဦးလေးကြီးအားပြောပြနေတော့သည်။ပြီးနောက်
"အဲ့ဆို ကျနော်ပြန်ပါအုံးမယ် မသက်သာရင်ချက်ချင်းခေါ်လိုက်ပါ ကျနော်လာကြည့်ပေးပါ့မယ်"
ဆရာဝန်ရဲ့ပြောစကားကြောင့် နေဘုန်းမှာမျက်ခုံးတွန့်ချိုးသွားသည်။ဟုတ်သည်လေ ထိုဆရာဝန်ကရောက်လာကတည်းက ရောင်နီ့ကိုဂရုတစိုက်လုပ်ပေးနေသည်မှာ နေဘုန်းကြည့်မရပေ။ဆရာဝန်ကဆရာဝန်လိုနေပေါ့။ဘာလို့သူ့အပိုင်ကိုလိုက်ငမ်းနေတာလဲ။နေပါအုံး ငါ ငါ ရောင်နီဖြာကိုငါ့အပိုင်လို့တွေးလိုက်တာလား။ဟုတ်တယ် ရောင်နီဖြာကိုမွေးစားထားတာဆိုတော့သူကငါ့အပိုင်ပဲ့။အဟက် ခင်ဗျားကကျုပ်အပိုင်ဆိုတော့ကျုပ်ကြိုက်သလိုလုပ်လို့ရတယ်။ဒီနေ့ကစပြီး ခင်ဗျားရဲ့အရာအားလုံးကိုကျုပ်ပိုင်တယ်လို့သတ်မှတ်လိုက်ပြီ။ခင်ဗျားရဲ့စိတ်၊ခင်ဗျားရဲ့အတွေးကအစ ကျုပ်ပိုင်တယ်။ကျုပ်အမိန့်မပါပဲခင်ဗျားဘာမှလုပ်ခွင့်မရှိဘူး။ပြောရမယ်ဆို ခင်ဗျားသေမယ်ဆိုရင်တောင်ကျုပ်အမိန့်မပါပဲမသေရဘူး။နေဘုန်းတစ်ယောက်အတွေးတွေများပြီး ဆရာဝန်ပြန်သွားတာပက်မသိလိုက်။သူသတိဝင်လာချိန်မှာ အိမ်တော်ထိန်းဦးလေးကြီးကရောင်နီဖြာကိုစောင်လေးခြုံပေးနေလေပြီ။
DU LIEST GERADE
မွေးစားအစ်ကို (Complete)
FanfictionSeme-ေနဘုန်းဧကရာဇ် Age-25 High-6feet 2inches Uke-ရောင်နီဖြာ Age-30 High-5feet 9inches