မွေးစားအစ်ကို (အပိုင်း-၈)

2.1K 62 3
                                    

"ဆိုတော့ ခင်ဗျားကကျုပ်နဲ့လက်မထပ်ချင်တာ ကျုပ်ကိုကြောက်လို့ပေါ့ ဟုတ်လား"

"အဲ့တာလည်းပါပါတယ် ပြီးတော့"

"ပြီးတော့ ဘာဖြစ်လဲဆက်ပြော ရောင်နီဖြာ ကျုပ်စိတ်မရှည်တာ ခင်ဗျားသိတယ်နော်"

"ပြီးတော့ ရောင်နီက ရောင်နီချစ်တဲ့သူနဲ့ပဲ့လက်ထပ်ချင်တာ"

"ဘာာာာာာ"

"ဟုတ်တယ် ရောင်နီချစ်တဲ့သူနဲ့ပဲလက်ထပ်မှာလို့"

"အခုခင်ဗျား ဘာသတ္တိတွေနဲ့ပြောရဲတာလဲဟမ်"

‌နေဘုန်းတစ်ယောက် တစ်ဖန်ပြန်စိတ်တိုလာပြန်တော့သည်။ဘာတဲ့ ဒီစကားကရောင်နီဖြာချစ်တာသူမဟုတ်ဘူးလို့ ဆိုလိုတာလား။ဘာလို့ဒီစကားကြားတော့ သူ့ရင်ဘတ်ကအောင့်လာတာလဲ။မဖြစ်ဘူး။ရောင်နီဖြာကသူ့အပိုင်ပဲ့။ဘာလို့တခြားသူနဲ့လက်ထပ်ရမှာလဲ။ လက်ထပ်လို့မဖြစ်ဘူး။ လက်ထပ်ချင်လက်ထပ်သူနဲ့ပဲလက်ထပ်ရမယ်။ဟက် ရောင်နီဖြာက သူ့အကြောင်းကိုမသိသေးဘူးထင်တယ်။ပြရသေးတာပေါ့လေ။

"အဲ့တော့ခင်ဗျားကျုပ်နဲ့လက်မထပ်ချင်တာ သေချာလား"

"အွန်း ရောင်နီ နေဘုန်းကိုလက်မထပ်ချင်ဘူး"

"အဲ့စကားလေး နောက်ထပ်တစ်ခေါက်လောက်ပြန်ပြောကြည့်စမ်းပါအုံး ကျုပ်နားထောင်ချင်လွန်းလို့"

ရောင်နီလည်းနေဘုန်းပြောစကားကြောင့်အထိတ်တလန့်ပင်ဖြစ်လာရသည်။မျက်နှာကြီးကလည်းဘီလူးစီးထားသလိုပင်။မျက်လုံးတွေကလည်းနီရဲနေတော့တယ်။အမယ်လေး ကြောက်စရာတကယ်ကောင်းနေပြီ။ ငါလေးသေတော့မှာလားမသိဘူး။

"ဒီလောက်လက်မထပ်ချင်တာ လက်ထပ်လာအောင်လုပ်ရမှာပေါ့ခင်ဗျားရယ်"

"ဟင် ဘာ ဘာလုပ်မလို့လဲဟင်"

"စားမလို့"

"ဟို မုန့် မုန့်သွားယူပေးရမှာလား ခုနကမှထမင်းစားထားတာဆိုတော့ ဒါမှမဟုတ် အ အသီးယူပေးရမလားဟင်"

"ကျုပ်စားချင်တာ မုန့်လည်းမဟုတ်သလို အသီးလည်းမဟုတ်ဘူး"

"အာ့ဆို ဘာ ဘာစားချင်တာလဲဟင်"

မွေးစားအစ်ကို (Complete)Where stories live. Discover now