မွေးစားအစ်ကို (အပိုင်း-၄)

2.2K 68 0
                                    

"အဖြစ်အပျက်တွေကတော့အဲ့တာပါပဲသခင်လေးရယ် သားလေးရောင်နီကအရမ်းသနားစရာကောင်းတာပါ သူ့ခမျာ သူအရမ်းချစ်ရတဲ့သူ့အမေကမျက်စိရှေ့မှာဆုံးသွားတာမြင်ရတော့ ဘယ်လောက်တောင်ဝမ်းနည်းနေရှာမလဲ ဒါကြောင့်သခင်လေးကိုတစ်ခုတော့ပြောချင်ပါတယ်"

"ပြောပါ ဦးလေး"

"သခင်ကြီးနဲ့သခင်မကြီးကိစ္စနဲ့ပတ်သက်ပြီး သားရောင်နီမှာအပြစ်မရှိပါဘူးကွယ် ဒီအကြောင်းကိုဦးလေးမပြောချင်လည်းပြောရတော့မယ် တကယ်တော့သခင်ကြီးနဲ့သခင်မကြီးတို့ဆုံးတာ လုပ်ကြံမှုတစ်ခုလို့ဦးလေးထင်တယ်ကွယ် ဘာလို့အဲ့လိုထင်လဲဆိုရင် သခင်ကြီးတို့ကားကိုစစ်ဆေးကြည့်တော့ ကားဘရိတ်ကြိုးဖြတ်ထားခံရတယ်တဲ့သခင်လေး တကယ်ကလူသတ်သမားကသားရောင်နီပါရောကိုသတ်ဖို့ဖြစ်တာများတယ် သားရောင်နီကကားနောက်မှာထိုင်နေတော့အထိအရှနည်းသွားတာပေါ့ကွယ် သခင်ကြီးနဲ့သခင်မကြီးတို့ကတော့သွေးထွက်လွန်ပြီးဆုံးသွားတာပါ ဒါကြောင့် ဒီကိစ္စကိုသခင်လေးသေချာစုံစမ်းသင့်တယ်လို့ ဦးလေးတော့ထင်တယ် ဘာမှအပြစ်မရှိတဲ့သားရောင်နီကိုနှိပ်စက်နေမဲ့အစား အမှန်တရားကိုအမြန်သိရအောင်စုံစမ်းကြည့်ပါသခင်လေး"

အိမ်တော်ထိန်းစကားကြောင့် နေဘုန်းမှာလည်းတွေဝေသွားသည်။တစ်ဆက်တည်းခုနကစကားတွေကြောင့်ရောင်နီဖြာကိုလည်းသနားသွားသည်။ဒါပေမဲ့ဖေဖေနဲ့မေမေကဒီလောက်လူချစ်လူခင်ပေါများတာ ဘယ်ရန်သူကရှိရမှာလဲ။ပြီးတော့ရောင်နီဖြာလိုဘာမှမသိပဲနုံအနေတဲ့သူကရောဖေဖေနဲ့မေမေကိုသတ်တယ်ဆိုတာဖြစ်နိုင်ပါ့မလား။နေဘုန်းသေချာစုံစမ်းဖို့လိုလာပြီရယ်။လူဆိုကာကိုယ်ကလွဲရင်ကိုယ့်ဒူးကိုတောင်မယုံရဘူးဆိုတဲ့ဆိုရိုးစကားတောင်ရှိတယ်မလား။ဘာပဲ့ဖြစ်ဖြစ်အမှုမှန်ပေါ်လာအောင်တော့စုံစမ်းကြည့်ရမယ်။

"ဟုတ်ပါပြီ ကျနော်ဦးလေးပြောသလိုစုံစမ်းကြည့်ပါ့မယ် ဒါပေမဲ့ဒီကိစ္စကိုရောင်နီဖြာကိုမပြောပြပါနဲ့အုံး
ရန်သူဆိုတာကိုယ့်မျက်စိရှေ့မှာလည်းရှိနေတတ်ပါတယ် ကျနော်ဘယ်သူ့ကိုမှမယုံကြည်ဘူး"

မွေးစားအစ်ကို (Complete)Where stories live. Discover now