မွေးစားအစ်ကို (အပိုင်း-၁၉)(ဇာတ်သိမ်းပိုင်း)

2.2K 47 4
                                    

"ဟင် သက်တံ့"

"တောင်းပန်ပါတယ်သခင်လေး ကျနော်တို့နောက်ကျသွားပါတယ်"

"မင်းတို့တွေအချိန်ကိုလေးစားရကောင်းမှန်းမသိဘူး သွား လူနာတင်ယာဉ်ကိုအမြန်ဆုံးခေါ်"

"ခေါ်ထားပြီးပါပြီ သခင်လေး"

ခနနေတော့လူနာတင်ယာဉ်ရောက်လာကာ သက်တံ့ကို တင်ပြီး ဆေးရုံသို့ပို့ဆောင်လေတော့သည်။နေဘုန်းလည်း သတိလစ်နေသောရောက်နီလေးကိုဆေးရုံသို့အမြန်ပို့ရတော့သည်။

ဆေးရုံသို့ရောက်သောအခါ

"ဒေါက်တာ ကျနော့်အမျိုးသားသတိလစ်သွားလို့ ကြည့်ပေးပါအုံး"

"ဟုတ်ကဲ့ပါသခင်လေး"

ဆရာဝန်လည်းစမ်းသပ်ရင်း တစ်ခုခုကိုသိသွားဟန်ဖြင့်ပြုံးလိုက်ကာ နေဘုန်းဘက်ကိုလှည့်လာပြီး

"ဘာမှစိုးရိမ်စရာမရှိပါဘူးသခင်လေး အစ်ကိုလေးက ကိုယ်ဝန်ကြောင့်ထိတ်လန့်စရာတစ်ခုခုကိုမြင်ပြီး သွေးလန့်သွားတာပါ"

"ဗျာ ဗျာ ကိုယ် ကိုယ်ဝန် ဟုတ်လားဒေါက်တာ"

"ဟုတ်ပါတယ်သခင်လေး ဂုဏ်ယူပါတယ် အစ်ကိုလေးမှာ ကိုယ်ဝန်နှစ်ပတ်ရှိနေပါပြီ"

"ဟား တကယ်လားဗျာ"

"ဟုတ်ပါတယ်ဗျာ ယောက်ျားလေးကိုယ်ဝန်ဆောင်မို့လို့ အသေးစိတ်ကအစ ဂရုစိုက်ပေးပါ"

"ဟုတ်ကဲ့ပါဗျာ"

နေဘုန်းခင်မျာမှာ ပျော်လွန်း၍မျက်ရည်တွေပင်ကျမိသည်။နောက်ဆုံးတော့ သူ့ချစ်ရသူလေးဆီက သူ့ကိုယ်ပွားလေးရလာတော့မည်။မေမေတို့မဆုံးခင်ကတည်းက ရောင်နီလေးမှာ မွေးရာပါသားအိမ်ပါတယ်ဆိုတာ ပြောပြထားပြီးသားပင်။ဒါပေမဲ့သူလည်းသိပ်ဂရုမစိုက်ခဲ့တော့အမှုမဲ့အမှတ်မဲ့နေလိုက်တာ မေ့သွားခဲ့လေသည်။အခုတော့ သူ့ချစ်စရာလူကြီးလေးရဲ့နဖူးလေးကိုအမြတ်တနိုးနမ်းလိုက်ပြီး လူကြီးလေးရဲ့ဗိုက်ချပ်ချပ်လေးကိုအသာထိတွေ့လိုက်သည်။နှစ်ပတ်ဆိုတော့ ကိုယ်ဝန်ကသိပ်မသိသာသေးဘူးပေါ့နော်။

"ကလေးလေး ပါးပါးဗိုက်ဗိုက်ထဲမှာကောင်းကောင်းနေပြီး ထွက်လာရမယ်နော် ဒယ်ဒီ့ကလေးလေးကလိမ်မာတယ်နော် ပါးပါးအပေါ်မဆိုးရဘူးနော်ကလေးလေး"

မွေးစားအစ်ကို (Complete)Where stories live. Discover now