မွေးစားအစ်ကို (အပိုင်း-၅)

2.2K 67 0
                                    

စားပြီးသောက်ပြီးသွားသောအခါ

"ရောင်နီဖြာ ကျုပ်အခန်းထဲလိုက်ခဲ့အုံး"

"ဟင် ဘာ ဘာခိုင်းမလို့လဲဟင်"

"ခင်ဗျားကိုဘာမှမလုပ်ဘူး ကြောက်မနေနဲ့ ကျုပ်ရုံးသွားဖို့ အဝတ်အစားလာထုတ်ပေး"

"ဟုတ် ဟုတ်ကဲ့"

ထိုလူကြီးလေးလန့်သွားပုံကအတော်ချစ်စရာကောင်းသည်။မသိလျှင် သူပဲ့တစ်ခုခုလုပ်တော့မဲ့ပုံဖြစ်နေသည်။အေးလေ မနေ့ကပဲ သူ့ကိုလန့်အောင်ခြောက်ထားသည်မဟုတ်လား။သူလည်းကြောက်နေရှာမှာပေါ့။ဒါပေမဲ့နေဘုန်းဧကရာဇ်ဆိုတဲ့လူက ကြောက်နေတဲ့ယုန်ဖြူလေးကို ပိုခြောက်ချင်နေသည့်စိတ်ကထိန်းမရ။ နေဘုန်းလည်းတွေးပြီးတာနဲ့ အပေါ်ထပ်သို့တက်သွားလေတော့သည်။ ရောင်နီလေးဟာလည်းသက်ပြင်းလေးချလို့နေဘုန်းနောက်ကနေပဲ့တက်လိုက်သွားလေတော့သည်။

အခန်းထဲရောက်သော်

"ကျုပ်ရေချိုးအုန်းမယ် အဝတ်ထုတ်ပေးထား အော် ပြီးတော့ အခန်းထဲကမထွက်နဲ့အုံးနော် ကျုပ်ခိုင်းစရာရှိသေးတယ်"

"ဟုတ် ဟုတ်ကဲ့"

ပုလဲဥလေးတွေရစ်ဝဲနေတဲ့မျက်လုံးလေးတစ်စုံနဲ့ရောင်နီဖြာဟာ သိပ်ကိုလှပပါပေတယ်။နေဘုန်းစိတ်တွေလည်းထိန်းချုပ်ရတာခက်လှပေသည်။ဟူးးးးးးးးးးးး ရောင်နီဖြာ ခင်ဗျားဟာ စုန်းကဝေလား ကျုပ်ကိုညှို့ငင်ဖမ်းစားနိုင်လွန်းတယ်။ဒါမှမဟုတ် ကျုပ်ကပဲခင်ဗျားဆီနစ်ဝင်နေလား ခင်ဗျားကပဲကျုပ်ကိုဖမ်းစားထားတာလားဆိုတာ ကျုပ်တောင်ဝေခွဲမရဖြစ်နေပြီ။စိတ်ချပါ ကိစ္စတွေအားလုံးရှင်းသွားလို့ခင်ဗျားမှာအပြစ်မရှိဘူးဆိုရင် ခင်ဗျားကို ကျုပ်ကိုယ်တိုင်ပိုးဥသလိုဥထားမှာပါ။ဒီလိုမှမဟုတ်ပဲ တရားခံကခင်ဗျားသာဖြစ်နေရင်တော့ကျုပ်နှလုံးသားကိုချနင်းပြီး ခင်ဗျားကိုကလဲ့စားချေမှာ။

နေဘုန်းလည်း တွေးတောရင်းနဲ့ပဲ့ ရေချိုးခန်းထဲဝင်ကာ ရေစိမ်နေတော့သည်။
အပြင်မှာကျန်ခဲ့တဲ့ ရောင်နီလေးဟာလည်းအတွေးပေါင်းစုံနဲ့ဖြစ်နေခဲ့တယ်။နေဘုန်းကအတော်ချောတာပဲ့။ဘာလို့ငါကငါ့ရဲ့မွေးစားညီကိုမြင်လိုက်တိုင်းရင်ကခုန်လာရတာလဲ။တကယ်ဆိုဒါကမဖြစ်သင့်ဘူးလေ။ဒါပေမဲ့နေဘုန်းကကြောက်ဖို့လဲကောင်းတယ်။ဖေဖေ မေမေ နေဘုန်းကရောင်နီ့ကိုတအားအနိုင်ကျင့်တယ်။ရောင်နီ နေမကောင်းဖြစ်အောင်လည်းလုပ်တယ်သိလား။ဖေဖေနဲ့မေမေကနေဘုန်းကို ရိုက်ပေးနော်။ရောင်နီ နေဘုန်းကိုကြောက်လို့မရိုက်ရဲဘူး။ ထိုစကားတွေကို ကောင်းကင်ဘုံက ဧကရာဇ်လင်မယားသာကြားရင်တော့ ရီနေမိမှာအသေအချာပင်။ရောင်နီဟာ အသက်သုံးဆယ်လို့သာပြောတယ်။ရင့်ကျက်သလောက် တစ်ခါတစ်လေ ကလေးဆန်လွန်းလှပေသည်။ထို့နောက်ရောင်နီလေးတစ်ယောက် နေဘုန်းကိုစောင့်ရင်း ခုနကသောက်ထားတဲါဆေးရှိန်ကြောင့်မျက်လုံးတွေဟာ ဘယ်လိုမှဖွင့်မရပဲ အိပ်ပျော်သွားခဲ့လေသည်။

မွေးစားအစ်ကို (Complete)Место, где живут истории. Откройте их для себя