မွေးစားအစ်ကို (အပိုင်း-၁၄)

1.9K 52 5
                                    

ဒီလိုနဲ့နေဘုန်းနဲ့ရောင်နီဟာလက်ချင်းတွဲလျက်ရှော့ပင်းမောထဲဝင်လာခဲ့ကြတယ်။သူတို့နှစ်ယောက်ကိုမြင်တော့တစ်ချို့ကြတော့အားကျကြသလို တစ်ချို့ကလည်းနှာခေါင်းရှုံ့ကာကွယ်ရာတွင်ပြောနေကြသည်။ဒါကိုသူတို့နှစ်ယောက်လုံးသိပါတယ်။သိပေမဲ့လည်းဘာကိုမှဂရုမစိုက်ပဲ သူတို့လုပ်စရာရှိတာပဲ့လုပ်ကြသည်။လောကမှာသူများပြောတာသာဂရုစိုက်ကြေး ခံစားကြေးဆို လူသားတွေထမင်းငတ်ပေတော့မည်မဟုတ်လား။ထိုစဉ်

"အယ် အစ်ကိုရောင်နီ"

"သက်တံ့"

"တူပါတယ်လို့ကြည့်နေတာ တကယ်ပဲ့အစ်ကိုရောင်နီပဲ့ ဈေးဝယ်လာတာလားဗျ"

"ဟုတ်တယ် သက်တံ့ရော စက်ာပူကိုထွက်သွားတာ ဘယ်ချိန်ကပြန်ရောက်နေတာလဲ"

"တစ်ပတ်လောက်ပဲ့ရှိအုံးမယ်အစ်ကို"

"ဟုတ်လား"

"ဟုတ် ဒါနဲ့သူက"

"ရောင်နီဖြာရဲ့အမျိုးသား"

"ဗျာ"

နေဘုန်းလုံးဝသည်းမခံနိုင်ပြီ။အထူးသဖြင့်ဒီကောင်လေးအကြည့်တွေကိုသူလုံးဝကြည့်မရပါ။ရောင်နီဖြာကိုကြည့်နေတာ သူလုံးဝမရိုးသားပေ။မြွေမြွေချင်းခြေမြင်တယ်ဆိုတဲ့စကားကသိပ်မှန်တာပဲ့။ရှေ့လျှောက် ရောင်နီဖြာကိုဒီကောင်လေးနဲ့မပတ်သက်ဖို့ပြောထားရမယ်။သူ့အပိုင်ကို အခုလိုလာကြည့်တာသူလက်မခံနိုင်ဘူး။ရောင်နီဖြာကသူ့အပိုင် သူ့စကားပဲ့နားထောင်ရမှာပဲ့။လွန်ဆန်ရဲလွန်ဆန်ကြည့် သူ့အကြောင်းသိသွားစေရမယ်။

"သူပြောတာတကယ်လား အစ်ကို"

"ဟုတ်တယ်သက်တံ့"

"အစ်ကိုဘယ်တုန်းကလက်ထပ်လိုက်တာလဲ"

"တစ်ပတ်ကျော်သွားပြီသက်တံ့"

"အော် အစ်ကိုတောင်အိမ်ထောင်ကျသွားပြီပဲ့"

ရောင်နီကလည်းရှက်ပြုံးလေးနဲ့

"ဟုတ်တယ်သက်တံ့"

ထိုစဉ်နေဘုန်းက ရောင်နီခါးလေးကိုရုတ်တရက်ဖက်လိုက်ပြီး

"ဟန်နီ ကိုယ်ဆာနေပြီ"

"ဟင်😳😳😳"

"ကိုယ်ဆာနေပြီလို့ ကိုယ့်ကိုကျွေးမယ်မလားဟန်နီ"

မွေးစားအစ်ကို (Complete)Where stories live. Discover now