မွေးစားအစ်ကို (အပိုင်း-၁၇)

1.8K 42 0
                                    

မနက်ခင်းနေရောင်ခြည်လေးက နေဘုန်းရဲ့မျက်နှာလေးပေါသို့တိုက်ရိုက်ကျရောင်လာတော့နေဘုန်းတစ်ယောက်အိပ်ရာမှနိုးထလာခဲ့သည်။ဘေးနားကလူသားလေးကိုကြည့်တော့ညကပင်ပန်းထားတဲ့အရှိန်နဲ့ခုထိမနိုးသေးပေ။ဒါကြောင့်နေဘုန်းလည်းရေချိုးပြီးမှပဲနှိုးတော့မယ်လို့တွေးပြီး အိပ်ရာမှထကာရေချိုးခန်းထဲဝင်သွားလေတော့သည်။ရေချိုးခန်းထဲရောက်တော့ ဘေစင်လေးနားမှာရပ်လိုက်ပြီး နံရံကပ်မှန်လေးမှာ သူ့ကိုယ်သူပြန်ကြည့်ပြီး ညကကြည်နူးခဲ့ရတဲ့အကြောင်းတွေကခေါင်းထဲရောက်လာတော့ သူ့နှုတ်ခမ်းလေးကအလိုလိုပြုံးမိသွားတော့သည်။ဒါ့အပြင်အောက်က သူ့ညီလေးကလည်းထကြွလာတော့ ရေချိုးခန်းထဲမှာပဲ လက်သမားလုပ်လိုက်ရလေတော့သည်။ဒီလိုနဲ့တစ်နာရီလောက်ကြာတော့ သူလည်း ရေမိုးချိုးကာထွက်လာပြီး ကုတင်ပေါ်ကခုထိမနိုးသေးတဲ့လူသားလေးကိုနှိုးရန်အတွက်ကုတင်ဆီကိုဦးတည်ပြီးသွားလိုက်လေသည်။

ကုတင်နားရောက်တော့ နေဘုန်းတစ်ယောက် သူ့ရဲ့အိမ်သူလေးကိုတစိမ့်စိမ့်ကြည့်နေတော့သည်။ညက သူလည်းပင်ပန်းပြီးသန့်ရှင်းရေးတောင်မလုပ်ပေးရသေးပေ။စောင်လေးကလည်း ဝမ်းဗိုက်လေးနားထိလျှောကျနေတာဆိုတော့ သူပေးထားတဲ့အမှတ်အသားတွေကို ကြည့်ရင်း ရင်ထဲမှာပြောမပြတတ်လောက်အောင် ပျော်ရွှင်ကြည်နူးနေမိသည်။ပြီးတော့ပုခုံးသားနဲ့လည်ပင်းလေးနားသို့သူ့နှုတ်ခမ်းလေူနဲ့တစ်ဖန်ပြန်ဖိကပ်ကာ အမှတ်အသားလေးတွေထပ်ပေးနေမိသည်။ဒါမှ ခရီးသွားတဲ့အခါကျ သူ့အပိုင်မှန်းပြောစရာမလိုအောင်သိမှာလေ။

ရောင်နီတစ်ယောက်အေးစိစိနဲ့သူ့လည်ပင်းနားလာဖိကပ်ထားသလိုခံစားရတာတောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့ ဒါလင်ကသူ့လည်တိုင်လေးကိုနမ်းပြီးအမှတ်အသားတွေပေးနေပြန်သည်။ဒါကြောင့်ရောင်နီလည်းအမြန်ထလာကာ

"ဒါလင်"

"ဗျာ"

"မနမ်းနဲ့တော့လေ ခနနေခရီးသွားရမှာကို အခုဘယ်နှနာရီထိုးပြီလဲ"

"ကိုးနာရီခွဲပြီ"

"ဟင် ကိုးနာ‌ရီတောင်ခွဲနေပြီ အဲ့ဒါတောင်ဘာလို့မနှိုးတာတုန်း  လေယာဉ်ချိန်ကဆယ်နာရီလေ"

မွေးစားအစ်ကို (Complete)Tempat cerita menjadi hidup. Temukan sekarang