မွေးစားအစ်ကို (အပိုင်း-၉)

2.1K 59 2
                                    

ဒီနေ့လေးဟာတော့ ဧကရာဇ်အိမ်တော်ကြီးအတွင်းရှိ လူတွေ အကုန်လုံး အလုပ်ရှုပ်နေကြလေသည်။အကြောင်းမှာမူ နေဘုန်းဧကရာဇ်နဲ့ရောင်နီဖြာတို့၏မဂ်လာပွဲပင်ဖြစ်လေသည်။သတို့သားလေးနှစ်ယောက်ကတော့ အခန်းထဲတွင်ပြင်ဆင်နေကြတော့သည်။နေဘုန်းကတော့ပြင်ဆင်၍ပြီးသွားပြီဖြစ်သော်လည်း ရောင်နီလေးမှာမူ မိတ်ကပ်ပြင်ဆရာလက်ထဲ၌ပင်ရှိသေးသည်။သို့သော် မိတ်ကပ်ဆရာ‌အကုန်လုံးကတော့ဇောချွေးပြန်နေကြလေသည်။အကြောင်းအရင်းကတော့

"ဟ ဘာလို့မိတ်ကပ်ကိုအထူကြီးလိမ်းနေတာလဲ ကျုပ်ယောက်ျားက မပြင်မဖြစ်မို့လို့ပြင်ခိုင်းရတာ တကယ်ဆို ကျုပ်ယောက်ျားအသားကနူးနူးညံ့ညံ့လေး"

"ဟာ ဘာလို့နှုတ်ခမ်းကိုအရောင်တောက်တာတွေဆိုးနေတာလဲ ကျုပ်ယောက်ျားနှုတ်ခမ်းကနဂိုပန်းရောင်သန်းပြီးသား အဆီလေးပဲ့ဆိုးပေး"

"ပါးကိုဘာလို့အနီတွေခြယ်ပေးနေတာလဲ တော်တော့ ခင်ဗျားတို့မလိမ်းပေးနဲ့တော့ ကျုပ်ယောက်ျားကိုကျုပ်ဘာသာပဲ့လိမ်းပေးတော့မယ် ခင်ဗျားတို့လိမ်းပေးရင်ကျုပ်ယောက်ျားအသားအရေတွေပျက်စီးကုန်မယ်"

မိတ်ကပ်ဆရာတွေကတော့နေဘုန်းစကားကြောင့်မျက်ရည်နဲ့မျက်ခွက်ပင်။ဘယ်နှယ့်သူတို့မိတ်ကပ်‌လိမ်းစားနေတာကြာပါပြီ။အကုန်လုံးကသူတို့လိမ်းသမျှကြိုက်တယ်ဆိုတာချည်း။အခုကျမှပြောခံရတာ။အစကတည်းကဘယ်သူငှားခိုင်းလဲ။မငှားနဲ့ပေါ့လို့ စိတ်ထဲတွင်သာပြောရသည်။အပြင်မှာတော့ထုတ်မပြောရဲ။ဘာလို့ဆို နေဘုန်းဧကရာဇ်ရဲ့အမိန့်အာဏာလွှမ်းမိုးမှုဟာ မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံတွေမှာပါရှိနေသည်လေ။သူတို့သာခုနကစိတ်ထဲကစကားတွေကိုအပြင်ထုတ်ပြောကြည့်ပါလား။ လည်ပင်းပေါ်တွင်ခေါင်းရှိတော့မည်မဟုတ်ချေ။

အဲ့သလိုပါပဲ နေဘုန်းဧကရာဇ်ဆိုတာ မြန်မာနိုင်ငံ‌တွင်ဩဇာလွှမ်းမိုးနိုင်ဆုံးသူဖြစ်လေသည်။

ရောင်နီတစ်ယောက်ကတော့ မိတ်ကပ်ဆရာတွေကိုအားနာလွန်းလို့မျက်နှာပင်မပြဝံ့တော့ချေ။နေဘုန်းဟာလေ စကားပြောရင်အဲ့လိုမျိုးဇွတ်ခနဲပဲ့ပြောတတ်တာ။သူ့စကားတွေမှာကျုပ်ယောက်ျားဆိုတာပါတိုင်း ရောင်နီမှာ ကြက်သီးပင်ဖြန်းခနဲထသွားရသည်။ရောင်နီလည်းနေဘုန်းကိုပြန်မပြောရဲပါ။အခုတော့နေဘုန်းလုပ်ပေးသမျှ ရောင်နီခံနေရသည်။

မွေးစားအစ်ကို (Complete)Onde histórias criam vida. Descubra agora