"အဟက် ဒီလိုမှပေါ့ လာကျုပ်ချီမယ်"
"ရ ရပါတယ် "
"ကျုပ် ညကတက်လုပ်ထားတာတောင် ထနိုင်သေးတာလား ကြည့်ရတာ ကျုပ်လုပ်တာ အရှိန်နည်းသေးတယ်ထင်တယ်"
"မ မဟုတ်ပါဘူး"
နေဘုန်းကလည်း ဘာတွေလာပြောနေမှန်းမသိဘူး။ရှက်လို့သူ့ကိုမချီခိုင်းတာကို။အား ပါးပါး ခါးရိုးတွေကျိုးပြီလားမသိဘူး တစ်ကိုယ်လုံးကိုက်ခဲနေတာပဲ့ အောက်ကလည်းအရမ်းနာတယ် အဟင့်။ရောင်နီတစ်ယောက်ကတော့စိတ်ထဲတွေးကာ ရှက်နေလေတော့တယ်။
ပြီးနောက်ရောင်နီတစ်ယောက် အိပ်ရာပေါ်ကထကာ အောက်မှာမတ်တပ်ရပ်တော့ အောက်ကစူးပြီးနာနေတာမို့ ခြေတောင်မထောက်နိုင်ပဲ့လဲကျသွားတယ်။နေမကောင်းတာရောလည်းပါတာပေါ့။ဒါပေမဲ့ရောင်နီလဲကျတာ ကြမ်းပြင်ပေါ်ကိုတော့မဟုတ်ခဲ့ဘူး။ကျယ်ပြန့်တဲ့ရင်ခွင်ကြီးတစ်ခုထဲလဲကျသွားတာပေါ့။ဘာလို့လဲမသိ ရောင်နီ ထိုရင်ခွင်ထဲမှာလဲကျသွားတော့ပြန်မထချင်လောက်တော့အောင် နွေးထွေးမှုကိုခံစားရတယ်။ထို့နောက် ရောင်နီရဲ့ခန္ဓာကိုယ်လေးဟာ လေပေါ်ကိုမြောက်တက်သွားတယ်။
"ခင်ဗျားကိုကျုပ်မပြောဘူးလား ဘာလို့ခေါင်းမာရတာလဲဟမ် အခုတော့လဲကျပြီ ကျုပ်သာမရှိရင်ခင်ဗျား ဒီကြမ်းပြင်မှာခွေပြီးလဲနေမှာ"
"ဟင့် ရောင်နီ ရောင်နီက ရှက် ရှက်လို့မချီခိုင်းတာ နာတာကတော့နာတာပေါ့ အဟင့်"
"ဟ ညကပဲခင်ဗျား ခန္ဓာကိုယ်တစ်ခုလုံးကိုကျုပ်မြင်ဖူးပြီးသား ဘာရှက်စရာရှိလဲ ကျုပ်ကခင်ဗျားလင်လေ"
"ရှက်စရာမရှိတာသိပေမဲ့ ရောင်နီရှက်တယ် ရောင် ရောင်နီက တစ်ခါမှမခံဖူးတာ"
"ကျစ် ကျုပ်ကရော လုပ်ဖူးတယ်လို့ပြောချင်တာလား ကျုပ်လည်းခင်ဗျားကိုပထမဆုံးလုပ်တာ နားလည်လား"
တကယ်ပင်နေဘုန်းစိတ်မရှည်တော့ပါ။မနက်နိုးလာကတည်းကသူ့ကိုအာရုံနောက်အောင်တစ်မျိုးပြီးတစ်မျိုးလုပ်နေသည်။သူ့ကိုချီမယ်ပြောတော့လည်းအချီမခံ ရှက်လို့တဲ့။ဒီလောက်ရှက်တတ်လွန်းတဲ့လူသားလေးနဲ့ ရှေ့ဆက်သူဘယ်လိုနေသွားမလဲ။ကိုယ်ကလည်းသူ့ကိုကြည့်အရင်းအချိန်ပြည့် ဆောင့်ချပစ်ချင်စိတ်တစ်ဖွားဖွားလေ။ပြီးတော့သူလေးကအရမ်းနာနေချိန် လဲကျသွားလို့ကိုယ်ကယူကျုံးမရဖြစ်ပြီးဆူမိတာကိုလည်း မျက်ရည်ကဘူးသီးလုံးလောက်ကျပြီး နှုတ်ခမ်းတထော်ထော်နဲ့ သူ့ကိုပြန်ပြောနေရော။တကယ်ပါ ဒီယုန်ဖြူလေးဟာ အသက်သုံးဆယ်သာပြောတာ ဆယ့်ရှစ်နှစ်ကလေးလေးလိုပဲ့။တကယ့်ကိုကလေးဆန်တာ။
![](https://img.wattpad.com/cover/355892893-288-k562896.jpg)
YOU ARE READING
မွေးစားအစ်ကို (Complete)
FanfictionSeme-ေနဘုန်းဧကရာဇ် Age-25 High-6feet 2inches Uke-ရောင်နီဖြာ Age-30 High-5feet 9inches