မွေးစားအစ်ကို (အပိုင်း-၁၆)

1.9K 43 0
                                    

"ဒယ်ဒီ သားချစ်ရတဲ့သူကိုသတ်ဖို့လုပ်နေတယ် တော်ပါတော့ဒယ်ဒီရယ် ဒီလောက်နဲ့ပဲရပ်ပါတော့လို့"

"သက်တံ့"

"ဘာလို့လဲ ဘာလို့ဒယ်ဒီကသားချစ်ရတဲ့သူကိုသတ်ချင်နေတာလဲ"

"သက်တံ့မရူးမိုက်စမ်းနဲ့ ဒယ်ဒီမင်းကိုအလိုလိုက်ထားတာအခုလိုမိုက်ရူးရဲဆန်ဖို့မဟုတ်ဘူး ဒီမှာမင်းချစ်ရပါတယ်ဆိုတဲ့ရောင်နီဖြာကအိမ်ထောင်သည်ဖြစ်နေပြီ ပြီးတော့သူလက်ထပ်ထားတာကလဲ သူါမွေးစားညီ ဒါကိုငါက ငါ့သားနဲ့သဘောတူပေးရမှာလား ဒယ်ဒီအခုလိုတွေလုပ်နေတာ မင်းအတွက်ပဲသက်တံ့"

"လွန်ခဲ့တဲ့ငါးနှစ်လောက်ကကားတိုက်မှုနဲ့သေသွားတဲ့ဆိုတဲ့ ထိပ်တန်းစာရင်းဝင်သူဌေးလင်မယားကိုဒယ်ဒီသတ်လိုက်တာမလား ဒယ်ဒီလုပ်ကြံလိုက်တာမလား အစ်ကို့ရဲ့မွေးစားမိဘတွေကိုလေ"

"ဟုတ်တယ် ဒယ်ဒီ့ရဲ့လမ်းကြောင်းကိုလာရှုပ်လို့ရှင်းလိုက်တာ"

"ဒယ်ဒီရာ သူတို့ကသူတို့အလုပ်ကိုသူတို့လုပ်တာလေ ဒယ်ဒီ့ကိုဘယ်မှာရှုပ်လို့လဲ ပြီးတော့အကြောင်းရင်းတွေကို အစ်ကိုသာသိသွားခဲ့ရင်သားကိုမုန်းသွားမှာ ဒယ်ဒီသိလား"

"သက်တံ့ မင်းတိတ်တိတ်နေစမ်း ဒယ်ဒီအခုလိုလုပ်နေတာ မင်းအတွက်ချည်း ဒယ်ဒီမရှိတဲ့အခါကျရင်မင်းမတောင်းမတ မကြောင့်မကျနေရအောင်ဒယ်ဒီလုပ်နေတာ ဒယ်ဒီမရှိတဲ့အခါကျငါ့သားလေးလူပုံအလယ်မှာမျက်နှာမငယ်ရအောင်လုပ်နေတာ သိလား"

ဦးရာဇာပြောရင်းမျက်ရည်ဝဲမိတယ်။သားလေးကအခုလိုသူ့ကိုစကားကြမ်းကြမ်းတွေဘယ်တော့မှမပြောဖူးပေ။အလွန်လိမ်မာတဲ့ကလေးပါ။ဒါကြောင့်လည်းသူ့အသက်ထက်မကချစ်နေရတာပေါ့။အမေမရှိတော့တဲ့သားလေးတစ်ယောက်ကို ‌အမေလိုရောအဖေလိုပါပြုစုပျိုးထောင်ရတာသူ့အတွက်လွယ်ကူတဲ့အရာတော့မဟုတ်ခဲ့ဘူး။သူ့သားလေးကိုဘယ်နေရာရောက်ရောက်ပြည့်ပြည့်စုံစုံပဲ့ဖြစ်နေစေချင်တာ။အခုတော့သူ့သားလေးက ချစ်ရတဲ့သူနဲ့တွေ့ရော သူ့ကိုတောင်အာခံတတ်လာပြီပဲ့။ဦးရာဇာရဲ့သားပီသပါပေတယ်။

"ဒယ်ဒီက သားအတွက်လုပ်နေတာမှန်းသားသိပါတယ် ဒါပေမဲ့ သားအတွက်ငွေကြေးဥစ္စာကြွယ်ဝရုံနဲ့ပြည့်စုံမယ်လို့ဒယ်ဒီကထင်လား ဟင့်အင်း သားအတွက်ဒယ်ဒီရှိတာနဲ့တင်လုံလောက်ပါပြီ"

မွေးစားအစ်ကို (Complete)Where stories live. Discover now