မွေးစားအစ်ကို (အပိုင်း-၇)

2K 62 0
                                    

ဟူးးးးးးးးးးးး ရောင်နီ ထမင်းစားပြီးလို့အခန်းထဲဝင်လာရင်းသက်ပြင်းလေးချမိတယ်။အဘယ်ကြောင့်ဆိုသော် ထမင်းစားဝိုင်းတွင် နေဘုန်းပြောလိုက်တဲ့ "ကျုပ် ခင်ဗျားကိုလက်ထပ်မယ်"ဆိုတဲ့စကားကြောင့်ပင်။ဘာလို့လဲ ဘာလို့နေဘုန်းကရောင်နီ့ကိုလက်ထပ်ချင်ရတာလဲ။လက်ထပ်ပြီး သူ့ကိုနှိပ်စက်မလို့လား။ဒီအတိုင်းနှိပ်စက်လို့ရတာပဲ့လေ။ရောင်နီခံရဲပါတယ်။ဒါပေမဲ့ရောင်နီလက်မထပ်ချင်သေးဘူး။နေဘုန်းကိုချစ်တာမှန်ပေမဲ့ အခုလိုမျိုးတော့ရောင်နီလက်မထပ်ချင်။ရောင်နီလိုချင်တဲ့အိမ်ထောင်ရေးက အချစ်စစ်နဲ့တည်ဆောက်ထားတဲ့အိမ်ထောင်ရေး။တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု နားလည်မှု ချစ်မြတ်နိုးမှုတွေနဲ့တည်ဆောက်ထားတဲ့အိမ်ထောင်ရေးမျိုး။အခုကျ ရောင်နီကသာနေဘုန်းကိုချစ်နေပေမဲ့ နေဘုန်းကမှရောင်နီ့ကိုမချစ်တာ။ ဟင့်အင်း ရောင်နီငြင်းရမယ်။ရအောင်ငြင်းမယ်။

ထို့နောက် ရောင်နီလေးဟာအတွေးတွေနဲ့အတူ နေဘုန်းအခန်းလေးရှေ့ကိုရောက်သွားခဲ့သည်။ဒါပေမဲ့လည်း တံခါးခေါက်ပြီးဝင်ဖို့ကျ အခက်အခဲတွေ့ပြန်သည်။ဘယ်လောက်ပဲ သူပြောမယ်လို့စိတ်ကတင်းထား တင်းထား တကယ်တမ်းကျ နေဘုန်းကိုသူကြောက်သည်လေ။ နေဘုန်းက မထင်ရင်မထင်သလိုကြောက်စရာအလွန်ကောင်းသည်။ တစ်ခါတစ်လေကျပြန်လည်းချစ်စရာကောင်းပြန်သည်။ သူ နေဘုန်းအခန်းရှေ့တွေးနေတုန်းမှာပဲ့ နေဘုန်းဧကရာဇ်တစ်ယောက်ထွက်လာခဲ့သည်။

နေဘုန်းလည်းအခန်းတံခါးဖွင့်လိုက်တာနဲ့ ရောင်နီဖြာကိုမြင်လိုက်ရတော့ စိတ်ထဲပြောလိုက်သည်။ဒီ တစ်ယောက် ကျားဂွင်ထဲကို သတ္တိရှိရှိဝင်လာရဲတာပဲ။ ပညာလေးနည်းနည်းပြပေးမှပဲ။သူ့ကိုပြူးကြည့်နေတာ တကယ်ချစ်စရာလေးပင်။တကယ်ပါ သူလေးကိုကြည့်ရတာ တကယ် စိတ်ထဲ အေးချမ်းလှပါသည်။ သူ့ကိုလက်ထပ်ဖို့ ဆိုတာကလည်းအကြောင်းပြချက်ကအခိုင်အလုံရှိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရဲ့ရန်သူကသူတို့ရဲ့အနီးနားပင်ရှိလေသည်။ ဒါပေမဲ့ဒါကိုရောင်နီဖြာမသိ။ အခုတော့ နေဘုန်းသည် အကြောင်းအရာအလုံးစုံကို သိသွားပြီဖြစ်သည်။ ဒါပေမဲ့ရောင်နီဖြာကို သိခိုင်းလို့မဖြစ်သေး။သူ ရောင်နီဖြာကို အနိုင်ကျင့်လို့ မဝသေး။ တကယ်က နေဘုန်း ရောင်နီကိုလက်ထပ်ချင်တာ ရောင်နီကိုကာကွယ်ပေးချင်တာလည်း အများကြီးပါဝင်သည်။ဘာလို့ဆို ဒီအတိုင်းသာဆို ရောင်နီဖြာကို ဝင်ရှုပ်ချင်သူတွေအများအပြား။ ရောင်နီဖြာသာ သူ့အိမ်သူလေးဖြစ်သွားရင် ဘယ်သူမှမျက်လုံးနဲ့တောင် စွေကြည့်နိုင်မှာမဟုတ်တော့။ သူ့ကိုလည်း လာရှုပ်ချင်နေတဲ့အစစ်မတွေရန်ကနေလည်း ကာကွယ်ထားရာရောက်သည်။ ဒါတွေဟာ သူ ရောင်နီဖြာကို ချစ်လို့မဟုတ်။ သူ့အဖေ အမေတွေရဲ့ မွေးစားသားမို့လို့။သူမရှိခင်လေး သူ့မိဘတွေကို ပြုစုပေးထားလို့ လုပ်ပေးချင် ရုံသာ ဖြစ်သည်။

မွေးစားအစ်ကို (Complete)Where stories live. Discover now