Episode _ 3

1.1K 47 0
                                    

Unicode
Episode _ 3

" အရီးကြိုင်... "

" ဟေ..!! ဟော ရှင်မွှေးလေး...၊ တေလွန်းဆီလာတာလား "

" ဟုတ်.. ၊ အရီးကြိုင်က လယ်ထဲသွားတော့မလို့လား.... "

" အေး.. နေမွန်းတည့်နေပြီလေ၊ သားရဲ့ဦးကြီးနဲ့သားမမက ဒီနေ့ လယ်ထဲရေသွင်းရမှာမို့ အစောကြီးထွက်သွားကြတယ်.. "

အရီးကြိုင်က တေလွန်းရဲ့အမေလေ။ ပိန်ပိန်ပါးပါးနဲ့အရမ်းကိုသွက်လက်သည့်အမျိုးသမီးပေါ့။ သဘောလည်းအရမ်းကောင်းတယ်။ ငယ်ငယ်ကဆို တေလွန်း ကျွန်တော့်ကိုအနိုင်ကျင့်တိုင်း အရီးကြိုင်ကပဲ တေလွန်းကို ကျွန်တော် အငိုတိတ်တဲ့အထိရိုက်ပြီးဆုံးမတာလေ။ ဦးကြီးကလည်း အတူတူပါပဲ။ ဒါပေမဲ့ ဦးကြီးကိုကျ ကျွန်တော် ကြောက်သည်။ ဦးကြီးက တေလွန်းကိုရိုက်ရင် ကျွန်တော် အမြဲလန့်တယ်ဗျ။ တစ်ခါက တေလွန်း ကျွန်တော့်ကိုစလို့ ကျွန်တော်မှောက်လျက်လဲသည်။ အဲ့တာကို ကျွန်တော့်ကို ဦးကြီးမြင်ပြီး တေလွန်းကိုရိုက်တာ ခြေသလုံးတွေညိုပုတ်နေတာပဲ။ ပြောရရင်တော့ တေလွန်းရဲ့မိဘတွေက တေလွန်းထက် ကျွန်တော့်ကိုပိုချစ်ကြသည်။ တေလွန်းရဲ့မမကလည်း ကျွန်တော်နဲ့တေလွန်းဆို ကျွန်တော့်ကိုပိုပြီး အလိုလိုက်သည်။

" ကဲ အရီး လယ်ထဲကိုထမင်းသွားပို့လိုက်အုံးမယ်...၊ တေလွန်းက အိမ်အပေါ်ထပ်က သူ့အခန်းထဲမှာ... သူ့သူငယ်ချင်းတွေလည်းရှိတယ်...၊ သွား.. သား "

" ဟုတ် အရီးကြိုင်၊ ​မြန်မြန်သွားနော်... ဦးကြီးက ထမင်းပို့တာနောက်ကျပြီး အရီးကိုစိတ်ဆိုးနေမယ်ဗျ... "

" အမလေး.. ဒင်း(သင်း)လား၊ အရီးကို စိတ်ဆိုးရဲမှာ... "

" ဟား.... "

အရီးကြိုင်က ထမင်းတောင်းကိုခါးစောင်ူမှာတင်ပြီး ခပ်သုတ်သုတ်နဲ့ထွက်သွားသည်။ တကယ်လည်း အရီးကြိုင် ထမင်းပို့နောက်ကျရင်တောင် ဦးကြီးက အရီးကြိုင်ကိုစိတ်ဆိုးလိမ့်မည်မဟုတ်။ ဒီတစ်ရွာလုံးမှာ ဦးကြီးနဲ့ကျွန်တော့်အဘက သူတို့မိန်းမတွေကို ဘယ်လောက်ထိချစ်တယ်ဆိုတာ မသိတဲ့သူမရှိ။ သူတို့နှစ်ယောက်ကို ရွာထဲက ဘယ်အိမ်ထောင်ဦးစီးယောက်ျားများကမှ မယှဥ်နိုင်၊ မယှဥ်ဝံ့ကြပေ။ အဲ့လောက်ထိကို သူတို့မိန်းမတွေကို ချစ်လိုက်ပုံများဗျာ။

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now