Episode _ 23 🚨🚨🚨🚨

1.4K 36 0
                                    

Unicode
🚨🚨🚨
ရှေ့မှာ သတိပေးထားတဲ့အတိုင်း ဒီအပိုင်းတစ်ခုလုံးက လုံးဝအသက်မပြည့်သေးဘဲမဖတ်သင့်တဲ့စာတွေပါဗျ။ ဒီအပိုင်းနဲ့ပတ်သတ်ပြီး ကျွန်တော့်ရဲ့အရေးအသား၊ ခံယူချက်၊ ဇာတ်ကောင်၊ ဇာတ်လမ်းကို အပြုသဘောမဟုတ်တဲ့ဝေဖန်မှုတွေကို ဘယ်လိုမှသည်းခံမှာမဟုတ်ပါဘူးဗျ။
🚨🚨🚨

Episode _ 23

" တေ..တေလွန်း၊ မင်း.. ဘာ ဘာလုပ်မလို့လဲ "

" ရှူး..... "

ကျွန်တော့်ကိုယ်ပေါ်အုပ်မိုးပြီး ရီဝေဝေမျက်လုံးတွေနဲ့စူးရှစွာကြည့်နေတဲ့တေလွန်းကြောင့် ကျွန်တော့်တစ်ကိုယ်လုံးအေးစက်သွားပြီး အန္တရာယ်အငွေ့အသက်တစ်ခု​ကိုခံစားလိုက်ရပြီး တုန်ယင်လာသည်။

" မနေ့ညက မောင်တို့ရဲ့မင်္ဂလာဦးညလေ...၊ ညက မောင်မူးနေတော့ မင်္ဂလာမဦးလိုက်ရဘူး.. အခု မင်္ဂလာဦးမလို့လေ... "

" ဟား... တေလွန်း... မင်း မစနဲ့နော်၊ ဖယ်ပေး... မင်းကိုယ်ကြီးက အလေးကြီးပဲ "

" မောင်က စနေတာမဟုတ်ဘူး...၊ တကယ်ပြောတာ... "

အကြောက်ပြေအောင် ဟန်လုပ်ပြီးလျှောချလိုက်ပေမဲ့ လုံးဝပြောင်းလဲမသွားတဲ့တေလွန်း​ကို ကျွန်တော် အခုချိန်မှာ တကယ်ကြောက်တယ်။ ပြီးတော့ ငိုလည်းငိုချင်လာတယ်။ တေလွန်းရဲ့အခုပုံစံက တကယ်ကြောက်စရာကောင်းတယ်။ သားကောင်ကိုဖမ်းမိထားတဲ့သားရဲတစ်ကောင်လိုပဲ။ ဖမ်းမိထားတဲ့သားကောင်ကို ဘယ်လိုသတ်ဖြတ်ရမလဲဆိုပြီး တွေးနေတဲ့ပုံစံချည်း။

" တေ..တေလွန်း... ငါ့ကိုမ..မနောက်နဲ့ကွာ၊ ဖယ်ပေးတော့ ငါ တကယ်လေးနေပြီ.. အသက်ရှူလည်း ကျပ်တယ်လို့.. အွန့် "

ရုတ်တရက် အနမ်းခံလိုက်ရတဲ့နှုတ်ခမ်းသားတွေကြောင့် ကျွန်တော် တေလွန်းကိုကြောင်အစွာကြည့်မိသည်။ စင်တီမီတာလောက်သာကွာဝေးတဲ့တေလွန်းရဲ့မျက်ဝန်းတွေဟာ မီးတောက်တွေတောက်လောင်နေသလိုပူပြင်းလှပြီး ကျွန်တော့်နှုတ်ခမ်းကို အထက်အောက်စုပ်ယူနေတာက တစ်ကိုယ်လုံးရှိအားအင်တွေခမ်းခြောက်သွားတော့မယောင် အရမ်းကိုအားပြင်းလွန်းတယ်။

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Waar verhalen tot leven komen. Ontdek het nu