Episode _ 13

1K 33 2
                                    

Unicode
Episode _ 13

* ဟတ်ချိုး..!. *

" လူကမှ ချူချာပါတယ်ဆိုမှ လျှာရှည်တော့ အခု ဖျားတော့မယ်...၊ ဟမ်! "

" မင်းကလည်း ဖြေးဖြေးလုပ်ပါ...၊ ငါ့ဆံပင်တွေလည်း ကျွတ်ထွက်ကုန်တော့မှာပဲ "

ရေစိုနေတဲ့ကျွန်တော့်ဆံပင်တွေကို တပတ်ကြမ်းကြီးနဲ့အားထည့်ပြီးရေသုတ်ပေးနေတဲ့တေလွန်း။

" ငါက... တိုးလွင် ရေမကူးတက်မှန်းသိလို့ သွားကူပေးတာပါ... "

" တိုးလွင် ရေမကူးတက်ပေမဲ့ ဆရာအောင်ထူးမော်က ရေကူးတက်တယ်လေ...၊ ပြီးတော့!.... ငါ့ကို မပြောမဆိုနဲ့ ရေထဲခုန်ဆင်းစရာလား... တောက်စ်! "

" မင်းကလည်း.... "

ကျုပ် သူ့ကို စိတ်ပူရလွန်းလို့သေနိုင်တယ်ဆိုတာ သူ မသိဘူးဗျ။ တိုးလွင်အတွက် မစိုးရိမ်တာမဟုတ်ပေမဲ့ ဆရာရှိနေတော့ စိတ်ချရတယ်လေ။ ဒါပေမဲ့ ကျုပ်ကို မပြောမဆိုနဲ့ရေထဲခုန်ချသွားတဲ့သူ့ကြောင့် ကျုပ် တကယ်ထိတ်လန့်ပြီး တခါမှမကြောက်ဖူးတဲ့​အကြောက်တရားကို ခံစားလိုက်ရတယ်ဗျ။

" ဟင်.. တေလွန်း! မင်း ငိုနေတာလား..... "

ကျွန်တော့်ကိုမကြည့်ဘဲ အကြည့်လွဲသွားတဲ့တေလွန်းရဲ့မျက်နှာကို ကျွန်တော် မရမက လိုက်ကြည့်မိတယ်။ တကယ်ကို တေလွန်းက ငိုနေတာပဲ...။ ကျွန်တော့်ကြောင့်လား....။

" ဘာလို့ငိုနေတာလဲ... ငါ့ကြောင့်လား၊ ငါ ဘာလုပ်မိလို့လဲဟင်.... ၊ ငါ နောက်တခါကျရင် အခုလို မင်းကိုမပြောမဆိုဘဲ ဘာမှမလုပ်တော့ပါဘူးကွာ...၊ ငါ ကတိပေးပါတယ်... နော် "

" ငါ မင်းကြောင့် အရမ်းလန့်သွားတာ.. အဲ့တာ မင်း သိရဲ့လား၊ မွေးကတည်းက တခါမှမခံစားရဖူးတဲ့အကြောက်တရားကို ငါ မင်းကြောင့်ပဲ ခံစားရတာကွ...၊ အဲ့တာ မင်း သိလား... "

" တောင်းပန်ပါတယ်.. ငါ တကယ်တောင်းပန်ပါတယ်ကွာ... "

ကျွန်တော့်ပခုံးပေါ်မျက်နှာအပ်ပြီး တေလွန်းက မျက်ရည်တွေကိုဖုံးကွယ်လိုက်တယ်။ ကျွန်တော်လည်း တေလွန်းကို အခုလောက်ထိဖြစ်သွားလိမ့်မယ်လို့ မထင်ထားတာကြောင့် ကိုယ့်ကိုယ်ကို နောင်တရမိတယ်။ ကျွန်တော် တေလွန်းရဲ့ရေစိုနေသေးတဲ့ကျောပြင်ကို အသာပွတ်သပ်ပေးရင်း တောင်းပန်လိုက်သည်။

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now