Episode _ 7

954 41 0
                                    

Unicode
Episode _ 7

ဆယ်တန်းစာမေးပွဲအောင်စာရင်းသွားကြည့်ကြတဲ့အဘရယ်၊ တေလွန်းနဲ့ဖေသောင်းရယ်ကို ကျွန်တော့်မှာ ရင်တမမနဲ့စောင့်နေရတယ်။ မေကြိုင်နဲ့အမေက ကျွန်တော့်ကိုစိတ်အေးအေးထားဖို့ပြောနေပေမဲ့ ကျွန်တော် တော်တော်စိတ်လှုပ်ရှားနေတော့ လူကထိုင်လို့လည်းမရ ထလို့လည်းမရ။ ဒီနေ့မနက်သုံးနာရီမှာ အောင်စာရင်းတွေကြေငြာမယ်လို့သိကတည်းက ကျွန်တော်ရယ်၊ အမေရယ်က တေလွန်းတို့အိမ်မှာ မနေ့ညကတည်းကသွားနေပြီး အဘရယ်၊ တေလွန်းတို့သားအဖနှစ်ယောက်က အောင်စာရင်းကြည့်ဖို့ ကြေငြာစာကပ်မဲ့ကျောင်းမှာသွားစောင့်သည်မှာ တစ်ညလုံးပေါက်ပင်။ အခု မနက်ခြောက်နာရီပင်ရှိပြီ။ တေလွန်းတို့ပြန်အလာကို ကျွန်တော်ရော အမေရော၊ မေကြိုင်တို့ရော ရင်တမမနဲ့စောင့်နေသည်။

" အမေ...!! "

ဝိုင်းပေါက်ကနေ တေလွန်းရဲ့ခေါ်သံကိုကြားတော့ ကျွန်တော်တို့အားလုံး အိမ်အပြင်ကိုထွက်လာသည်။ အဘနဲ့ဖေသောင်းက တေလွန်းရဲ့အနောက်မှာပြုံးပြုံးကြီးနဲ့စကားတွေပြောရင်း လိုက်လာသည်။

" တေလွန်း.. ငါ အောင်တယ်မလား "

" အေး... အောင်တယ်၊ မင်းက ဂုဏ်ထူးတစ်ဘာသာတောင် ပါသေးတယ် "

" တကယ်!!.. ဟေး.... အမေ အဘ သားအောင်တယ်တဲ့၊ ဂုဏ်ထူးတစ်ဘာသာတောင် ပါတယ်တဲ့... ဟေး...... "

ကျွန်တော်လည်း အပျော်လွန်ပြီး အဘနဲ့အမေ့ကိုတစ်လှည့်စီပြေးဖက်လိုက်သည်။

" မေမေ့သားလေးက အောင်မယ်ဆိုတာ မေမေ သိနေပြီးသားပါနော်... "

" အရမ်းတော်တယ်၊ သား ဘာလိုချင်လဲ "

" သား ဘာမှမလိုချင်ပါဘူး.. အယ် တေလွန်း မင်းရော အောင်တယ်မလား "

ကျွန်တော်လည်း အဘရဲ့အမေးကိုဖြေပြီးမှ တေလွန်းကိုသတိရသည်။ ကျွန်တော်က မေးတော့ တေလွန်းက ဖေသောင်းကိုလှမ်းကြည့်သည်။ ဖေသောင်းကလည်း တေလွန်းကိုကြည့်ပြီး ဘာမှမပြောဘဲ မေကြိုင်ထိုင်နေတဲ့တန်းလျားပေါ်မှာသွားထိုင်သည်။

" တေလွန်း... ဘာဖြစ်လို့လဲ၊ မင်း အောင်တယ်မလား...၊ မင်းက ငါ့ထက်စာပိုတော်တာကို..၊ အောင်တယ်မလား ဟင် "

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now