Episode _ 18

1K 35 2
                                    

Unicode
Episode _ 18

မစောမူယာမှာ ကျုပ်ရဲ့စကားဆုံးသည်နှင့် ကျုပ်တို့အနားကနေ ​ခပ်သွက်သွက်လေးထွက်သွားသည်။

" တေလွန်း ..... "

" ပြော! "

ကျွန်တော် တေလွန်းရဲ့လုပ်ရပ်​ကို အရမ်းဆွံ့အသွားတယ်။ ကျွန်တော့်ကို မိန်းကလေးတစ်ယောက်ရဲ့ရှေ့မှာ အခုလိုတရားဝင်ပေါ်ပေါ်ထင်ထင်မိတ်ဆက်ပေးလိမ့်မည်ဟု လုံးဝမထင်ထားခဲ့။ တေလွန်းကတော့ မစောမူယာထွက်သွားတော့လည်း အေးဆေးသာ။

" မင်း ဘယ်လိုမှမနေဘူးလား "

" ဘာကို ဘယ်လိုနေရမှာလဲ... "

" မဟုတ်ဘူးလေကွာ...၊ ဟို ငါပြောချင်တာက အခုလို ငါနဲ့အကြောင်းကို သူစိမ်းတွေရှေ့ထုတ်ပြောရတာ မင်း ဘာမှမခံစားရဘူးလား.... "

ကျွန်တော် သိချင်တဲ့မေးခွန်းကိုတိုက်ရိုက်မေးလိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာ တေလွန်းရဲ့အခုလုပ်ရပ်ကို ကျေနပ်သလိုရှိနေပေမဲ့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ကိစ္စတွေအပေါ် စိုးရိမ်စိတ်တွေလည်း ရှိနေတယ်။

" အင်း.. ခံစားရတာပေါ့ "

" ဟင် "

ကျုပ်ရဲ့အဖြေက သူထင်ထားသလိုမဟုတ်လို့ထင်တယ်.. ဆင်ပေါက်က ကျုပ်ကို နားမလည်သလို ကြည့်သည်။ ကျုပ်ရဲ့အဖြေကြောင့် ဆင်ပေါက် ခေါင်းရှုပ်သွားတယ်ထင်တယ်။

" ငါ ခံစားရတာက မင်းလို ဖြစ်မလာသေးတဲ့အနာဂတ်ကိုစိုးရိမ်ပူပန်နေတာမျိုးမဟုတ်ဘူး....၊ ငါ ခံစားရတာက မင်းကို ငါ့လက်တွဲဖော်လို့ထုတ်ပြောလိုက်ရတာကို ကျေနပ်နေတာ... ငါ့ကိုယ်ငါ ဂုဏ်ယူနေတာ... သိပြီလား "

ကျုပ် ဆင်ပေါက်ရဲ့မျက်လုံးတွေကိုကြည့်ပြီး ဘာကိုပြောချင်နေတာလဲဆိုတာကို နားလည်တယ်။ ဒါ့ကြောင့်လည်း ဒီလိုစကားကို တမင်ပြောလိုက်ခြင်းဖြစ်သည်။

" ဘာမှလျှောက်တွေးမနေနဲ့....၊ ကိုယ့်ဘဝအတွက်အရေးမပါတဲ့လူတွေ၊ ကိုယ်နဲ့မဆိုင်တဲ့သူစိမ်းတွေရဲ့စကားကိုနားထောင်ပြီး ဘာလို့စိတ်ဒုက္ခခံနေမှာလဲ....၊ ငါတို့ကိစ္စက ငါတို့မိဘတွေတောင် လိုက်လိုက်လျောလျောခွင့်ပြုထားတာလေ...၊ အရေးမပါတဲ့အခြားသူတွေရဲ့ပြစ်တင်ရှုံ့ချသံတွေ၊ လျစ်လျူရှုမှုတွေကို လိုက်ပြီးခံစားဖို့လိုသလား... ဟင် "

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now