Episode _ 14

1K 32 3
                                    

Unicode
Episode _ 14

" ဆင်ပေါက်!! "

တေလွန်း သူ့အိမ်မက်ကြောင့် အလန့်တကြား အိပ်ရာကနေ ထထိုင်မိသည်။

" ဟူး.... တော်ပါသေးတယ်! အိမ်မက်ဖြစ်နေလို့... "

ကျုပ်ရဲ့အိမ်မက်ထဲမှာ ဆင်ပေါက်ကို မြွေတစ်ကောင်က တစ်ကျုယ်လုံးရစ်ပတ်ထားပြီး ဆင်ပေါက်က ကျုပ်ကို အကူအညီတောင်းနေသည်။ အဲ့ဒီအိမ်မက်ကြောင့် ကျုပ် လန့်နိုးလာတော့ အရင်ဆုံးလုပ်မိတာက ကျုပ်ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသေးတဲ့ဆင်ပေါက်ကို ကြည့်မိတာပဲ။ တော်ပါသေးတယ်... ကျုပ်ရဲ့ဆင်ပေါက်လေး ဘာမှမဖြစ်လို့။ အိမ်အောက်မှာ မနက်ခင်းအာရုံဆွမ်းလောင်းဖို့အတွက် ကျုပ်အမေနဲ့အမရဲ့မီဖိုချောင်ဝင်တဲ့အသံတွေကို ကြာနေရတယ်။ ကျုပ်လည်း ဆက်မအိပ်ချင်တော့တာမို့ ဆင်ပေါက်ကိုယ်ပေါ်ကို စောင်အပါးလေးတစ်ထည်ခြုံပေးခဲ့ပြီး အိမ်အောက်ထပ်ကို ဆင်းလာသည်။

" သား.. တေလွန်း အစောကြီးနိုးတာလား...၊ သားငယ်လေးရော "

" ဆင်ပေါက်က အိပ်နေသေးတယ်.. အမေ၊ ကျုပ် အိပ်မပျော်တော့လို့ ထလာတာ... "

ကျုပ် စဥ့်အိုးထဲကရေကိုခပ်ယူပြီး အမြန်မျက်နှာသစ်လိုက်သည်။ ထို့နောက် ဘေးက မီးသွေးခဲကိုယူပြီး သွားတိုက်လိုက်တယ်။ မြို့ပေါ်မှာကျောင်းတက်တုန်းက သွားတိုက်ဆေး၊ သွားတိုက်တံနဲ့အကျအန သွားတိုက်ပေမဲ့ ကိုယ့်ရွာကိုယ့်ဒေသမှာတော့ ရိုးရာမပျက် သွားကိုဆားနဲ့ဖြစ်ဖြစ်၊ မီးသွေးခဲနဲ့ဖြစ်ဖြစ် အလွယ်တကူတိုက်လိုက်သည်။ တစ်ရွာလုံးမှာ သွားတိုက်ဆေးနဲ့သွားတိုက်တံသုံးတာဆိုလို့ အရီးလေးနန်းမှုံနဲ့ဆင်ပေါက်သာ ရှိတယ်။ ဒါကလည်း ဦးကြီးသာငြိမ်းရဲ့အကဲပိုမှုတွေလေ။ သူ့မိန်းမရဲ့သွားဖုံးလေးတွေထိခိုက်မှာစိုးလို့ဆိုပြီး သွားတိုက်ဆေးနဲ့မျက်နှာသစ်ကအစ လိုလေးသေးစိတ်မရှိစေရ၊ ရွာကိုခိုးပြေးလာကတည်းက  မြို့သူတွေအတိုင်း ရေချိုးခန်းသီးသန့်လုပ်ပေးရတာနဲ့အိမ်သာကိုသီးသီးသန့်သန့်ဆောက်ပေးရတာနဲ့တကယ့်ကို ချစ်တက်မှုကြီးက အောချရလောက်သည်။

" ကျုပ် အရီးလေးတို့အိမ်က သွားတိုက်ဆေးနဲ့သွားတိုက်တံသွားတောင်းလိုက်အုံးမယ်.. အမေ "

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now