Episode _ 11

995 35 2
                                    

Unicode
Episode _ 11

" အဘ ပြောတာတွေကို သေချာပြန်စဥ်းစားကြည့်စမ်းပါကွာ... မင်း အရင်က သားငယ်ကို အနိုင်ကျင့်ခဲ့တာတွေကို အဘ ဘာမှမပြောလိုဘူး "

" အဘကလည်းဗျာ...၊ ကျုပ် ဘယ်မှာ သူ့ကိုအနိုင်ကျင့်လို့လဲ...၊ သူကပဲ ကျုပ် မကြိုက်တာတွေ လုပ်တာလေ "

ကျုပ်ကုတင်ဘေးမှာထိုင်ပြီး ဆုံးမဩဝါဒတွေချနေတဲ့အဘ။ လူကမှ နေမကောင်းပါဘူးဆိုမှ မနက်နိုးကတည်းက ဟောလိုက်တဲ့တရားတွေ၊ ဆေးလေးမသောက်မိတာလေးနဲ့ အခုလိုနားပူရတာက သိပ်မဟုတ်သေးပါဘူးဗျာ။

" ဟင်း.... ငါ့သားငယ်က မင်းမကြိုက်တာလုပ်တာလား...၊ မင်းကပဲ ငါ့သားငယ်ကို နေရာတကာမှာ လိုက်ချုပ်ချယ်နေတာလားဆိုတာ ကိုယ့်ဘာသာပြန်စဥ်းစားလိုက်အုံး... "

" တော်ပြီဗျာ...၊ ကျုပ် နားတွေလည်း ပူနေပြီ၊ ခေါင်းတွေလည်း မူးနေပြီ...၊ ဟုတ်တယ် ကျုပ်ပဲ မှားတာပါ....၊ အဘ ကျေနပ်ပြီလား..... "

" တယ်!!... ငတေ ငါ.. ထလုပ်လိုက်ရ!! "

" အဘနော်... ကျုပ် နေမကောင်းဘူး "

တကယ်ကြီးဒေါသထွက်သွားတဲ့အဘကြောင့် ကျုပ် အမြန်စကားရှောင်လိုက်ရတယ်။ ကျုပ် အဘက စိတ်မထင်ရင်မထင်သလို ကျုပ်ကိုဆို ညှာပေးတာမဟုတ်ဘူးဗျ။

" အေး.. မှတ်လေ၊ မင်းကို ငါပြောနေတာက ဖြစ်သင့်တာကို ပြောနေတာကွ၊ မင်းရဲ့ဧည့်သည်ကို သူစိမ်းမပြောနဲ့ အဘကိုယ်တိုင်ကပဲ လက်မခံဘူးကွာ..၊ မင်းရဲ့ဧည့်သည်ကို အဘက သူ့ရှေ့မှာပဲ မလိုတဲ့ပုံစံနဲ့ပြောရင် မင်း ကြိုက်ပါ့မလား....၊ အဲ့အခါကျရင် မင်း မျက်နှာဘယ်လောက်ပူရလိုက်မလဲ... ဟမ်! "

" ..... "

ကျုပ်လည်း အဘပေးတဲ့ဥပမာကြောင့် ခဏပြန်တွေးလိုက်တယ်။ ကျုပ် တကယ်ပဲ လွန်သွားတာလား။ ကျုပ်က သူ့ကို အခြားသူတွေနဲ့မရောစေချင်လို့ အခုလိုလုပ်လိုက်ပေမဲ့ သူ့ဘက်ကိုတော့ ကျုပ် တကယ်မကြည့်မိခဲ့ဘူး။

" သား.. တစ်ကယ်မှားသွားတာလား.... အဘ "

ကျုပ် တကယ်မှားခဲ့တာပဲ။ ကျုပ် ဆင်ပေါက်ကို သူ့ဧည့်သည်ရှေ့မှာ အဲ့လိုမျိုးမပြောခဲ့သင့်ဘူး။

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now