Episode _ 8

935 39 2
                                    

Unicode
Episode _ 8

" ရှင်မွှေး... ငါတို့မနက်ဖြန်ကျောင်းပိတ်ရက်မှာ ဟိုတခါက ငါတို့စားခဲ့တဲ့ရှမ်းဆိုင်ကို သွားရအောင် "

" ဘာလဲ... မင်းရဲ့မမကို သွားကြောင်မလို့လား.... "

" ဟာ မင်းကလည်း...၊ မဟုတ်ပါဘူးကွာ ငါက ရှမ်းခေါက်ဆွဲစားချင်နေလို့ပါကွ "

" ရှမ်းခေါက်ဆွဲစားချင်တာများ.. ကျောင်းကန်တင်းမှာလည်း ရှိတယ်လေ "

" မင်းကလည်း...၊ ရှမ်းခေါက်ဆွဲချင်းတူပေမဲ့ အရသာချင်းမတူဘူးကွ "

" ဘာလဲ မင်းမမကို မျှော်ပြီးစားရတဲ့ရှမ်းခေါက်ဆွဲက ပိုအရသာရှိတာလား "

ကျွန်တော်လည်း ရှေ့မှာစာသင်နေတဲ့ဆရာမကိုမှအားမနာ ကျွန်တော့်ဘေးမှာတွတ်ထိုးနေတဲ့ဟန်သာကို ရွဲ့ပြီးပြောလိုက်သည်။ ဒီကောင်ဟန်သာက ရှမ်းခေါက်ဆွဲစားချင်တာကနည်းနည်း၊ ရှမ်းခေါက်ဆွဲဆိုင်ရဲ့ဘေးက တက္ကသိုလ်ကျောင်းသူတွေနေတဲ့အဆောင်မှာ တစ်ခါလေးမြင်ဖူးတဲ့အမကြီးတစ်ယောက်ကို ဖွန်ကြောင်ချင်တာက များများရယ်။

" မင်း လိုက်မှာဟုတ်တယ်မလား...၊ ဟမ် လိုက်ခဲ့မှာမလား... "

" ဟန်သာ မင်း ငြိမ်ငြိမ်နေစမ်းပါ...၊ ရှေ့မှာ ဆရာမ စာသင်နေတယ်လေကွာ....၊ ပါးစပ်ပိတ်ထားစမ်းပါ "

" မရဘူးကွာ..၊ မင်း လိုက်မယ်ဆိုမှ ပါးစပ်ပိတ်မှာကွာ... "

" ဟိုနားကနှစ်ယောက် ဘာတွေပြောနေကြတာလဲ...၊ ဒီမှာ ဆရာမဖြစ်တဲ့ငါက စာရှင်းပြနေတယ်လေ၊ နားမထောင်ချင်ရင် အခန်းအပြင်ထွက်ကြ "

စာပြနေတဲ့ဆရာမက ကျွန်တော်တို့နှစ်ယောက်ကိုမြင်သွားတော့ လှမ်းဆူသည်။ ထိုအခါမှ ဟန်သာလည်း ပါးစပ်ပိတ်သွားသည်။ ဒါပေမဲ့ ဆရာမမသိအောင် အဲ့ကောင်က ကျွန်တော့်ခါးကိုလက်ညှိုးနဲ့ ခဏခဏထိုးပြီး မေးငေါ့နေတာကြောင့် အဲ့ကောင် ငြိမ်ငြိမ်နေရင်ပြီးရောပဲဆိုပြီးခေါင်းငြိမ့်လိုက်သည်။

နောက်တစ်နေ့မနက် ဟန်သာနဲ့အတူတူအပြင်သွားဖို့အတွက် ကျွန်တော်ပြင်ဆင်နေတုန်း တေလွန်းရောက်လာသည်။ ဟိုတစ်ခေါက် အလည်လာပြီးကတည်းက တေလွန်း ကျွန်တော့်ဆီကို ခဏခဏရောက်လာသည်။ အရင်ကထက် ပိုပြီးကြည့်ကောင်းလာတဲ့တေလွန်းက သူတို့ကျောင်းမှာ တော်တော်ရေပန်းစားသည်ဟုဆိုသည်။ တေလွန်းနဲ့အတူတူ တခါတလေ နိုင်ထွန်းလည်း ပါလာတတ်သည်။ ဆယ်တန်းအတူတူတက်ခဲ့တဲ့သူငယ်ချင်းတွေထဲမှာ နိုင်ထွန်း၊ တေလွန်းနဲ့ကျွန်တော်ပဲ နှစ်ချင်းပေါက်အောင်ခဲ့ပြီး ဇော်ဝင်းကတော့ ကျကျန်နေခဲ့သည်။ နိုင်ထွန်းက တေလွန်းနဲ့အတူတူ စိုက်ပျိုးရေးတက္ကသိုလ်ကိုရွေးခဲ့သည်။

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now