Episode _ 16

1.2K 38 2
                                    

Unicode
Episode _ 16

ကျုပ်ရဲ့ရှေ့မှာ နျူးဆိုတဲ့အဖြူရောင်မြွေနဲ့ဗိမ္မာန်နက်ဆိုတဲ့တောင်တန်းအရှင်တို့ကို မြင်လိုက်ရသည်။

" အဲ့တာက ငါတို့ရဲ့ပထမဆုံးတွေ့ဆုံခြင်းပဲ...၊ သူက တကယ့်ကိုအစွာလေးလို့ပြောရမလား...၊ သူရဲ့ဘေးက တောတွေကိုအပိုင်စားစောင့်ရှောက်ရတဲ့သူပေါ့... "

ဗိမ္မာန်နက်ဆိုသူက နျူးရဲ့ဘေးမှာရပ်နေတဲ့အမျိုးသမီးကို လက်ညှိုးထိုးပြသည်။ အဲ့ဒီအမျိုးသမီးကိုမြင်တော့ ကျုပ်ရဲ့စိတ်ထဲ နှစ်ရှည်လများကတည်းကတည်ရှိနေတဲ့မုန်းတီးခြင်းမျိုးကို ခံစားလိုက်ရတယ်။ ကျုပ် ဗိမ္မာန်နက်ဆိုသူကိုမေးချင်ပေမဲ့ ကျုပ် စကားပြောလို့မရ။

" မင်း သူ့ကို မုန်းနေတယ်မဟုတ်လား....၊ သူက ငါတို့ကိုခွဲခဲ့တဲ့အဓိကတရားခံလေ... "

ဗိမ္မာန်နက်က နောက်တစ်ကြိမ် သူ့လက်ကိုဝေ့ယမ်းလိုက်သည်။ ဒီတစ်ခါတော့ အစောကလို မြင်ကွင်းမျိုးမဟုတ်။ ပတ်ဝန်းကျင်တစ်ခုလုံးက တောမီးလောင်နေပြီး ထိုမီးတောက်တွေရဲ့အလယ်မှာ မြွေဖြူတစ်ကောင်ကိုပိုက်ထားတဲ့လူတစ်ယောက်ရှိနေသည်။ ဗိမ္မာန်နက် ဘာမှမပြောဘဲနဲ့ အဲ့ဒီလူနှစ်ယောက်ဟာ ဘယ်သူမှန်း ကျုပ်သိသည်။ အဲ့တာက ကျုပ်နဲ့ဆင်ပေါက်ရဲ့အတိတ်ဘဝပဲ။

" ငါနဲ့နျူး မေတ္တာသက်ဝင်ခဲ့တယ်...၊ နျူးက တောမြိုင်တို့ရဲ့အရှင်သခင်မရဲ့အစေအပါးတစ်ဦးလေ....၊ သူ့ရဲ့အမနဲ့အကိုက သူ့ကို ငါနဲ့မေတ္တာမျှခွင့်မပြုဘူး... သူတို့ရဲ့သခင်မအမိန့်ကြောင့်ပဲ... "

" ..... "

" ငါ အတ္တကြီးခဲ့မိတယ်...၊ ငါ သူတို့သခင်မကို သတ်ပစ်လိုက်တယ်...၊ သူတို့သခင်မ မရှိတော့ သူတို့လိုအစေအပါးတွေက သခင့်အတွက် ပြန်လက်စားချေရတယ်လေ....၊ ဟက် ငါ့လို တောင်တန်းအရှင်ကို သူတို့က နိုင်မှာတဲ့လား.... "

ဗိမ္မာန်နက်ရဲ့မျက်လုံးတွေက နာကျင်မှုကိုဖုံးကွယ်ထားမှန်း ကျုပ်သိတယ်။ ဘာလို့ဆို ဗိမ္မာန်နက်ရဲ့စကားတွေကို နားထောက်နေတဲ့ကျုပ်ကိုယ်တိုင်လည်း ထပ်တူဝမ်းနည်းကြေကွဲနေမိတာကြောင့်ပဲ။

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now