Old Love -1

10.9K 203 11
                                    

အရွယ်လွန် အချစ် 💓

Old Love ep -1

“ဒီမယ် .. ဦးဟိုဝှာ ဒီလမ်းက ကျွန်မ မှတ်သိသလောက်ဆို  အိမ်ပြန်တဲ့လမ်း မဟုတ်ပါဘူး …”

“အိမ်ပြန်တဲ့လမ်း မဟုတ်ဘူး  အနောက်ပိုင်းက ဟိုတယ်သွားတဲ့လမ်း..”

“ဘာပြောတယ်ရှင့် ..  ဟိုတယ် သွားရအောင် ဦးဟိုဝှာကို လာခေါ်ခိုင်းတာမဟုတ်ဘူး … အိမ်ပြန်ပို့ဖို့ လာခေါ်ခိုင်းတာ ..”

“အိမ် ခဏခဏ ပြန်နေရတာ ပျင်းနေမှာစိုးလို့ ..”
“ဘာပြောတယ် ရှင့် .. ဒီမှာ  ဦးဟိုဝှာ .. အိမ်ကိုသာမြန်မြန် မောင်းပြီပို့ပေးပါ..

ပြီးခါမှ ဦးဟိုဝှာ ဘာသာ ဘယ်ကို သဝေထိုးထိုး …”

“တစ်ယောက်တည်း သဝေမထိုးဖူး .. ခင်များ ခေါ်ပြီ သဝေထိုးမလို့ ..”

“ဘာပြောလိုက်တယ် ဦးဟိုဝှာ မမိုက်ရိုင်းပါနဲ့ .. “

“မရိုင်းတော့ပါဘူး … လိမ်မာချင်လို့ပဲ အခုမိန်းမ ခိုးပြေးနေတာ..”

“အို …မိန်းမခိုးပြေးချင်ရင် ကျွန်မ ချပေးခဲ့ ပေါ့ ..”
“ကျွန်‌ တော်ခိုးလာတဲ့ မိန်းမက   ခင်များပါပဲ မခင်မျိုး ..”

“ဘာပြောတယ်  ..”
“မှန်တာကို ပြောလိုက်တာပါ ..”

@@@

“မငိုပါနဲ့တော့ ခင်ခင်ရယ် ..”
“အို .. ငိုမှာပဲ ကိုယ့်မျက်ရည်နဲ့ ကိုယ်ငိုတာ ရှင့်ဆီ မှတ်ပုံတင်စရာလိုလား..

တကတည်းပါပဲတော် ..ရှင့်ကြီး ကြောင့် အသက်ကြီးမှ အကြောထ ယောင်္ကျားထယူတယ်လို့ ပတ်၀န်းကျင်မှာ အမြင်ခံရ တော့မယ် ..

အဖေနဲ့ မောင် စိတ်ဆိုးတာခံရ တော့မယ်  .... စဉ်းစားကြည့်လေ ဒေါသ ထွက်လေပဲ ..

သားရေပေါ်အိပ် သားရေပေါ်နား  ကျေးစွပ်တဲ့  ရှင်ကြီးကြောင့် ကျွန်မမယ်ဘယ်လောက် အ ရှက်ရသလဲ ..”

“သားရေပေါ်အိပ် သားရေပေါ်နားပြီ ကျေးစွပ်တယ်စွပ်စွဲရအောင်မင်း အဖေဆီက ငါ ခြူးတစ်ပြားမှ ရမထားဘူး ခင်ခင် ..

ပြီးတော့ မင်းရှိတဲ့ အရပ်ကို ငါ လာတာမဟုတ်ဘူးနော် … မင်းကသာငါရှိတဲ့ အရပ် အရင် ရောက်လာတာ ..”

Old Love ( အရွယ်လွန် အချစ် )حيث تعيش القصص. اكتشف الآن