Old Love -8

3.6K 156 6
                                    

အရွယ်လွန်အချစ် 💓

Old Love -8

သူပြောသမျှကို ပုံပြင်မှတ်ပြီ အိပ်လိုက်ခြင်းက  အကုသိုလ်လည်းကင်းရင်တုန်ပန်းတုန် ဖြစ်ခြင်းလည်း ဝေးတာပေါ့လို့..

တွေးရင် တရားစခန်း၀င်ဖူးသည့် အတွေ့အကြုံ နည်းနည်းကလေးကို အသုံးချ …

သူ ဘာပြောပြော တစ်ဖက် နားက၀င် တစ်ဖက်နားကထွက် ..
၀င် လေ ထွက်လေ မှတ် …

နောက်ဆုံးတော့ သူလည်း ပါးစပ်ပိတ် ကျွန်မ လည်း ဒီကိုလ်ဂျင် အရှိန်ကြောင့် အိပ်…
.
.
နိုးလာတော့လည်း နေမမြင်ရသေးပါဘူး .. ဒါ့ပင်မယ့် နားထဲမှာ ဆိုင်ကယ်သံ ကားသံ ကလေးတွေတော့ ကြားနေရပါပြီ ..

မိုးကုတ်ရဲ့ အလှပေါ့လေ ..

မိုးဘယ်လောက်ရွာရွာ ဆိုင်ကယ် အမိုးကိုင်လေးတွေနဲ့ သူတို့လိုရာခရီးနှင်ကြ သွားကြ လာကြ လုပ်ကိုင်နေကြတာပါပဲ..

မိုးရွာလို့ အလုပ်ပျက်တယ်မရှိ အသွား အလာပျက်တယ်လို့လည်းမရှိပါဘူး..

‌နေရာသစ်ရဲ့ လူနေမူ့ကို ကျွန်မက မျက်လုံးမဖွင့်နိုင်သေးခင် မြင်ဖူးသမျှ လေးစိတ်ကူးထဲမှာပုံဖော်ကြည့်နေမိသည်..

ပုံဖော်ရင် ကျွန်မက  မျက်လုံးမဖွင့်ခင် လက်ကို ဆန့် ခြေထောက်နှစ်ဖက်စုံခြေဆင်းရင် အကြောဖြေဖို့ အတွက် စောင်းနေတဲ့ ကျွန်မကိုယ်လေးကို ပက်လက်လှန်ဖို့လူပ်ကြည့်သည်..

လူပ်လို့မရ .. 

ဒီနေ့ကျမှ ကျွန်မ စောင်က ဘာကြောင့် ကျွန်မကိုယ်ပေါ် ဒီလောက်ကြီးလေးနေရသလဲ …

အနံ့ကလည်း ကျွန်မ စောင်လျှော်တုန်းက ထည့်သုံးထားတဲ့ အမွှေးဆီအနံ့အပြင် အခြား သင်းပျံ့ပျံ့ စံပယ်ပန်း နံ့ လိုလို ဘာလိုလို အနံ့လေးတစ်ခုကလည်းရနေ‌‌ သေးသည်..

အနံ့ အကြောင်း တွေးမိတော့မှ  ဖွင့်ဖို့လေးပင်နေတဲ့ ကျွန်မမျက်လုံးများက ချက်ချင်း ပွင့်လာပြီ ကျွန်မလုံနေအောင် လည်ပင်း ပေါ်ထိ လွှမ်ခြုံထားသည့်စောင်ရဲ့ အောက်ပိုင်း ပေါ်က သူ့ ခြေထောက်ကို သတိထားမိသည် ..

“အံ့မယ်လေး … တင်ထားလိုက်တာ အားရပါးရ ..စုံကို ပစ်တင်ထားတာ..”

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now